
ညှပ်ဖက်နဲ့ ကော်ပြန့်စိမ်းလုပ်နည်းလေး ပြောပြပေးမယ်နော်
လာလာမေးကြလို့...
ညှပ်ဖက်နဲ့ကော်ပြန့်စိမ်းလေး ဘယ်လိုလုပ်ရလဲတဲ့
အရမ်းလွယ်ပြီး ရိုးရိုးရှင်းရှင်းလေးမလို့ လုပ်စားပုံလေးကို Sharing လုပ်ပေးမယ်နော်
1. ညှပ်ဖက်အပြားလိုက်လေးတွေဈေးထဲကဝယ် (ခေါက်ဆွဲရောင်းတဲ့ဆိုင်တွေမှာရောင်းပါတယ် ၅၀၀ဖိုးဆို ၇ချပ်လောက်တော့ရတယ် ) လက်ရှိဈေးနော်
2. ကိုယ်ထည့်ချင်တဲ့အသားဝယ် ကြက် ဝက် ပုစွန် တစ်ခုခုပေါ့
အသားတွေကိုကြိတ်ထားပြီး ဆား၊ ခရုဆီ၊ တရုတ်မဆလာ နဲ့အရသာမှုန့်ထည့်ပြီး နှပ်ထား
3. ဂေါ်ဖီ၊ ဥနီ ၊ကြက်သွန် နီ ပါးပါးလေးနုတ်နုတ်စဉ်းထား ပြီး ငရုတ်ကောင်းနည်းနည်း ဆားနည်းနည်းထည့်နယ်

4. ပြီးရင် ဆီပါးပါးထည့်ပြီးအသားထည့် ကျက်ခံနီး အရွက် တွေပါထည့်
5. အသားရော အရွက်ပါနူးအိလာရင် ကော်ရည် ကျဲကျဲဖျော်ပြီးလောင်း
ပျစ်ပျစ်လေးဖြစ်လာရင် ချလို့ရပြီနော်
ပူပူထွေးထွေးလေးဖြစ်နေတဲ့ အစာလေးတွေကိုခဏအအေးခံထားပြီး
သိပ်မပူတော့ရင်တော့ ညှပ်ဖက်ထဲ ထည့်လိတ်နော်
ရွှန်းကတော့ လိတ်တာလှလှလေးဖြစ်မနေဘူး
6. ပြီးရင် ဒယ်နီထဲကို ရေထဲ ပေါင်းခံပြားထည့် ပန်းကန်တစ်ခုတည်း ကော်ပြန့်တွေထည့်ပြီး ၇မိနစ်လောက်ပေါင်းပေးရင်ကို ရပါပြီ
ကျန်းမာရေးနဲ့လည်းညီညွတ်ပြီးဝိတ်လည်းသိပ်မတက်တော့ အသုံးဝင်ကြမယ်လို့ထင်ပါတယ်နော်