
ရေဘဝဲကြက်ဥမာလာ😋😋 လုပ်နည်းလေးကလည်းလွယ်မှလွယ်ပဲ😍
လိုအပ်တဲ့အဓိကပစ္စည်းတွေက...👇
- - - - - - - - - - - - - - - - - -
-ကြက်ဥ
-ရေဘဝဲ
-အပ်မှို
-ပင်စိမ်း
လိုရင်းတိုရှင်းချက်နည်း...👇
- - - - - - - - - - - - - -

(၁)ကြက်ဥပြုတ်ပါ (အကာတင်းအိလေးနဲ့ အနှစ်ပျော့လေး ဖြစ်အောင် ၇မိနစ်လောက်သာထားပါ)
(၂)ရေဘဝဲ ကိုရေဆေးပြီး သကြား၊ ဆား(အနည်းငယ်)၊ ရှာလကာရည်၊ ပဲငံပြာရည်အကြည် ထည့်ပြီး နှပ်ထားပါ (ရေဘဝဲနှပ်တဲ့ထဲကို မိမိ စိတ်ကြိုက်အနံ့အရသာ ထည့်နှပ်၍ရသည်)🐙
(၃)ပြီးရင်ရေနွေးဆူဆူထဲထည့်ပြုတ်ပါ ။ ၅မိနစ်ကနေ ၇မိနစ်လောက်ပြုတ်ပြီး ရေဘဝဲတွေ ဖောင်းတုတ်လာတဲ့အခါ အိုးထဲကဆယ်လို့ရပါပြီ (အကြာကြီးမပြုတ်ပါနဲ့ မာပြီးသေးသွားပါလိမ့်မယ်)

(၄)အိုးအလွတ်ထဲကို ဆီအနည်းငယ်ထည့်ပြီး ဆီပူလာသည်ထိ ထားပါ
(၅)ဆီကျက်လာပြီဆိုရင် အိုးထဲကို မာလာ မနှစ်ထည့်ပြီး ရေအနည်းငယ် လောက်ထည့်ပေးပါ
(၆)နောက်ဆုံးမှာတော့ မာလာအနှစ်ထပ်ထပ်လေး ဖြစ်လာတဲ့ အခါ အပ်မှို ၊ ကြက်ဥပြုတ်အိအိလေးနဲ့ ရေဘဝဲကို ရောပြီး သမအောင်မွှေ ပေးပြီးရင် စားလို့ရပါပြီ...🐙🐙(အိုးထဲကချခံနီးမှာ ပင်စိမ်းအနည်းငယ်ကို အမွှေးအကြိုင် အနေနဲ့ အပေါ်ကအုပ်ပေးရင် ပိုကောင်းပါတယ်)
လုပ်နည်းလေးကိုvideo နဲ့ ကြည့်ချင်တဲ့သူတွေအတွက်လည်းမကြာခင် Share ပေးပါမယ်နော်🙌