
ကြက်သားချဉ်စပ် ပူပူလေးချက်စားကြမယ်…
နေပြင်းလို့ထမင်းစားလို့မကောင်းဘူးဆိုတဲ့သူတွေအတွက်ဒီနေ့မှာ အရသာရှိပြီးခံတွင်းမြိန်တဲ့ ကြက်သားချဉ်စပ်ချက်နည်းလေးကို ပြောပြပေးမယ်နော်

ကြက်သားချဥ်စပ်ချက်ဖို့လိုတာလေးတွေကကြက်အသားချည်းသေးသေးတုံးပါနော်ကြက်သွန်နီ၊ဖြူ၊ ဂျင်း၊ငရုတ်အရောင်တင်မှုန့်၊ ငရုတ်လေးစိပ်ကွဲ၊ခရမ်းချဥ်သီး၊ဆား၊အချိုမှုန့်၊ပဲငံပြာရည်အနောက်၊ပဲငံပြာရည်အကြည်၊ငံပြာရည်၊သကြား၊ဗင်နီကာ၊ရှမ်းနံနံတို့ လိုပါမယ်…

ကဲ စချက်ကြမယ်နော်ကြက်ရင်ပုံကို အသားလွှာပြီး သေးသေးတုံးပါ။ ဆား၊ အချိုမှုန့် ပဲငံပြာရည်အနောက် အကြည်ငံပြာရည်တို့နဲနယ်ထားပါ…ဂျင်း ကြက်သွန်နီဖြူကို ထောင်းထားပါဆီအိုးတည် ဆီဆူရင် ထောင်းထားတဲ့ကြက်သွန်ထည့်ပါ

ကြက်သွန်နွမ်းရင် ငရုတ်သီးအရောင်တင်မှုန်နဲ့ ငရုတ်သီးလေးစိပ်ကွဲထည့်ပြီး ဆီသတ်ပါပြီးရင် ကြက်သားထည့်လုံးပါကြက်သားလုံးရေခမ်းရင် ဗင်နီကာနဲ့သကြားနဲနဲထည့်ပါ ရေထည့်ပြီး အသားနူးအောင်တည်ပါအသားနူးရင် ခရမ်းချဥ်သီး အစိပ်လေးတွေတုံးပြီးထည့်ပါဆီပြန်ရင် ရှမ်းနံနံအူပ်ပါဒါဆို ကြက်သားချဥ်စပ်လေးရပါပြီကြက်သားချဥ်စပ်က ချဥ်ရမယ် စပ်ရပါမယ်ဒါကြောင့် အဲ့နှစ်ခု အရသာပေါ်အောင်ချက်မှ စားကောင်းပါမယ်နော် ကြက်သားအစား ဝက်သားကိုလည်း ဒီနည်းအတိုင်း ချက်စားနိုင်ပါတယ်…
ဒီနည်းလေးက လုပ်စားနေကြသူဆီကရတဲ့နည်းနာလေးမလို့ ချက်စားကြည့်ကြဦးနော်