ကျန်းမာရေးအတွက် ရဲယိုရွက်
mmload.com
|
2023-04-03
တစ်ပင်လုံးနီးပါး ဆေးဖက်ဝင်တဲ့ ရဲယိုပင်ကရောဂါတွေကို ကာကွယ် ပေးရုံမက ရောဂါကြီး တချို့ကိုလည်းပျောက်ကင်းစေနိုင်ပါတယ်.. ရဲယိုရွက်ကိုဟင်းထုတ်လုပ်စားတာ၊ ငါးနဲ့ရောပြီး စင်းကောချက်တာမျိုလည်း စားလို့ရနိုင်ပါတယ်..
ရဲယိုပင်ကမြန်မာနိုင်ငံမှာလဲ ပေါက်ရောက်သလို ပစိဖိတ်ကျွန်းတွေ၊ အရှေ့တောင်အာရှ၊ သြစတြေးလျနဲ့ အိန္ဒိယနိုင်ငံတို့မှာ ပေါက်ရောက်တဲ့ အမြဲစိမ်း အပင်ငယ်တစ်မျိုးပါ...ရဲယိုပင်ကို ရှေးယခင်ကာလတွေက အရေပြားအတွက်ဆေးအဖြစ် အသုံးပြုခဲ့ကြပါတယ်..
ရဲယိုရွက်တို့ကိုစားသုံးရင် ခန္ဓာကိုယ် အပူချိန်ကို ထိန်းသိမ်း ပေးနိုင်သလိုခန္ဓာကိုယ် စွမ်းအားကို တိုးပွားစေနိုင်ပါတယ်.. လေ့လာမှုတွေအရရဲယိုပင်က အကိုက်အခဲပျောက်စေနိုင်ပြီးလေးဖက်နာဝေဒနာနဲ့ အခြားအဆစ်အမြစ်တွေနာကျင်ကိုက်ခဲတာကို သက်သာစေနိုင်ပါတယ်.. ကိုယ်ခံအားကောင်းစေတယ်..အိပ်ပျော်စေတယ်.. ရဲယိုရွက်မှာပါတဲ့အာဟာရတွေက အသားအရေကို နုပျိုစေပြီး ဆံသားကို သန်စွမ်းစေနိုင်သလိုခြေသည်းလက်သည်းတွေကိုပါ ကျန်းမာစေနိုင်ပါတယ်..
#ကျန်းမာရေး
#ခန္ဓာကိုယ်
#အပူချိန်
#ဆံသား
#လက်သည်း
ဆောင်းပါးများ
Some text some message..
Send SMS?
မသေချာပါ
သေချာပါသည်
ပယ်ဖျက်ရန်
အိုကေ
သတိပေးချက်
အိုကေ
စတင်အသုံးပြုမည်