ကြောင်လျှာသီးကြော် ကြော်စားကြမယ်
mmload.com
|
2023-04-11

ကြောင်လျှာသီးကြော်ကြော်စားကြမယ်

 အရင်ဆုံးကြောင်လျှာသီးကိုမီးအုံးပါ...

အရမ်းကျက်စရာမလိုပါဘူးအနည်းငယ်ကျက်ရင်ရပါပြီ။အနည်းငယ် စိမ်းရုံသာ ပြပါ… ပါးပါးလှီး ဆားနယ်ထားပါ… ကြက်သွန်နီ ပါးပါးလှီးထားပေးပါ ...


ငြုပ်ပွမညက်တညက်ထောင်း … ပုဇွန်ခြောက်ရောထောင်း… မြေပဲဆန်လေးပါ ထည့်ထောင်းပါ… စိမ်းစားငါးပိရေပျစ်ပျစ်ဖျော်ထားပါ…

အသီးများကိုအရည်ညှစ်ပါ…အခါးကြိုက်ရင် တစ်ခါ…မကြိုက်ရင် ၂ခါ ၃ခါ ညှစ်ထုတ်ပါ…ရေဆေးပြီး ရေကုန်အောင်ညှစ်ထားပါ ဆီအိုးတည်ထားပေးပါ။

ကြောင်လျှာကြော်ရင်ဆီသုံးရပါတယ်(ဆီနည်းရင် စားမကောင်းပါ)

 ကြက်သွန်ဆီသပ်ထားပါ။ အစိမ်းနံ့ပျောက်ရင် ပုစွန်ငြုပ်ထောင်း ထည့် မီးမပြင်းစေပါနဲ့။  စိတ်ရှည်ခြင်းဟာဟင်းကောင်းတခွက်အတွက်အရေးကြီးဆုံးပါပဲနော်


အနံ့မွှေးလာရင်အသီးထည့်ပါ ငါးပိဖျော်ထည့်ပါ…… အရသာအတွက် ဆား ဟင်းခတ်မှုန့် ထည့်ပါ…

ငံပြာရည်မထည့်ပါနဲ့ နော် … ကြောင်လျှာ ကြက်ဟင်းခါး စတဲ့ အခါးဓါတ်ပါတဲ့အသီးအပွင့်တွေချက်ရင်ငံပြာရည်ကြောင့် ပိုခါးတတ်ပါတယ် နူးရန်အတွက် ရေအနည်းငယ်ထည့်ပါ…

အဖုံးအုပ်ထားပြီးဆီပြန် လို့ အရသာလည်း စိတ်ကြိုက်ဖြစ်ရင်အရသာရှိရှိဟင်းတခွက် ရပါပြီ ။

ခံတွင်းမြိန်စေမှာအသေအချာပါပဲနော်...




Some text some message..