
ချဉ်ငံစပ်သရက်သီးသုပ်လုပ်စားကြမယ်
သရက်သီးပေါတဲ့ရာသီမှာ သရက်သီးကို အစိမ်းလိုက်လေး သုပ်စားရတဲ့ အရသာက ဘယ်အရာနဲ့မှ မတူဘူးနော်…

အဖွဲ့လိုက်ကြီးစုပြီးး သရက်သီးသုပ် ပန်းကန်ကြီးနဲ့ စကားတွေပြောလိုက်စားလိုက် နဲ့ ဘယ်လောက်အရသာရှိလဲစဉ်းစားသာကြည့်
ကဲ ဒီတစ်ခေါက်မှာတော့အရသာလည်းရှိပြီးစာလို့လည်းကောင်းတဲ့ သရက်သီး သုပ်လေး လုပ်စားကြည့်ရအောင်နော်

သရက်သီးများကိုပါးပါးလေးလှီးထားပါ။ နံနံပင်၊ ကြက်သွန်စိမ်း၊များကိုပါးပါးလှီးထားပါ။ ငရုတ်သီး ဟင်းချက်မှုန့် ၊ ငံပြာရည်၊ ပုစွန်ခြောက်မှုန့်၊ ငပိ များကိုပြင်ဆင်ထားပါ
ဇလုံထဲကိုရေဆေးပြီး ပါးပါးလှီးထားတဲ့ သရက်သီးများကိုထည့်ပါ ။ ကြက်သွန်နီနဲ့နံနံပ်ထည့်ပါ။ ငံပြာရည်နည်းနည်း၊ငပိနည်းနည်း၊ငရုတ်သီးမှုန့်၊ ပုစွန်ခြောက်မှုန့်များကို ထည့်ကာသမအောင်မွှေပါ။ မွှေတဲ့ထဲကို သံပုရာသီးလေးညှစ်ပေးပါ။
ဒါဆိုရင်တော့အရမ်းကို စုပြီးစားလို့ကောင်းတဲ့သရက်သီးသုပ်လေးရပါပြီနော်
အရမ်းစားကောင်းလို့အိမ်မှာလုပ်စားကြည့်ကြဦးနော်