ထောပတ်ထမင်းချက်စားကြမယ်
mmload.com
|
2023-04-24

ထမင်းဟင်းတွေချည်းစားရတာ ရိုးနေပြီဆိုတဲ့သူတွေအတွက် ဒီတစ်ခေါက်မှာတော့ အလှူချက် ထောပတ်ထမင်း ချက်နည်းလေးကိုပြောပြပေးပါမယ်နော်။ တွဲဖက်စားသုံးမယ့် ကြက်သားဟင်း၊ ဆိတ်သားဟင်း ၊ ဘာလချောင်ကြော်နဲ့ အချဉ်ကိုတော့ မိမိစိတ်ကြိုက်ပြင်ဆင်ထားလို့ရပါတယ်။


အဓိကဖြစ်တဲ့ ထောပတ်ထမင်းချက်နည်းကိုပဲ မျှဝေပေးသွားပါမယ်နော်

ပါဝင်ပစ္စည်းများ

• ဆန် (Basmati Rice) - နို့ဆီဘူး ၄ လုံး

• ထောပတ် (Ghee) - ၁၅၀ ဂရမ်

• ဆား - စားပွဲဇွန်း ၁ ၁/၂ ဇွန်း

• သကြား - ၁ ၁/၂ ဇွန်း


• ရေ - ၈ဘူး (Basmati Rice အတွက်သာ)

• စပျစ်ခြောက်သီဟိုဠ်စေ့ - တစ်ပန်းကန်

• ပဲစိမ်းလုံး - တစ်ပန်းကန်

ပြင်ဆင်ချက်ပြုတ်ပုံ

၁။ ဦးစွာ ဆန်ဆေးပြီး အိုးထဲသို့ ဆား၊ သကြား၊ ထောပတ်ထည့်၍ လိုအပ်သော ရေ ပမာဏထည့်ပါ။ (ချက်နေကျဆန်အတွက် ရေကို ပုံမှန်အတိုင်းထည့်ပါ။) အထက် အောက် သမအောင်မွှေ၍ ခလုတ်နှိပ်ပြီး ချက်ပါ။

၂။ တည်ထားပြီး ၁၀ မိနစ်ခန့်မှာ တစ်ကြိမ်မွှေပေးပါ။


၃။ ထမင်းအိုးပွက်ပြီးလျှင် တစ်ကြိမ်ထပ်မွှေပေးပြီး ရေခန်းခါနီးမှာ အပေါ်မှ သီဟိုဠ်စေ့၊ စပျစ်ခြောက်၊ ပဲစိမ်းထည့်ကာ ထမင်းအိုးနှပ်သည်အထိ တည်ထားပါ။

၄။ ထမင်းနပ်ပါက ကြက်သားဟင်း (သို့) ဘဲသားဟင်း၊ ဘာလချောင်၊ အချဉ်သုပ် တို့ဖြင့် တွဲဖက်ပြီး တည်ခင်းသုံးဆောင်နိုင်ပါပြီ။

မွှေးမွှေးအိအိလေးနဲ့ အရမ်းကို စားလို့ကောင်းတဲ့ အလှူထမင်းဟင်းလေးမလို့ ပိတ်ရက်တွေမှာ မိသားစုနဲ့အတူတူ လုပ်စားကြည့်ကြဦးနော်




Some text some message..