ကွေ့တီယို အရည်/အသုပ် လုပ်စားကြမယ်
mmload.com
|
2023-04-25

အရည်နဲ့အသုပ်ဆိုရင် ဘယ်ဟာကို ပိုကြိုက်ကြလဲဝေ့

အခုခေတ်စားနေတဲ့ကွေ့တီယို အစားစာကို လူငယ်တော်တော်များများသဘောကျကြပါတယ်။အရသာက ချိုချဉ်စပ်လေးကို မှ အရည်လေးနဲ့တစ်မျိုးအသုပ်လေးတစ်ဖုံစားလိုက်ရရင်ဖြင့်ထမင်းစားမကောင်းတဲ့ဒီရာသီဥတုနဲ့အကိုက်ပဲနော်


ဆိုတော့လုပ်ရတာ အရမ်းမခက်ပဲစားလို့ကောင်းတဲ့ယိုးဒယားကွေ့တီယို သုပ်လေး လုပ်စားကြည့်ရအောင်နော်

ကွေ့တီယိုအရည်ကို ကြက်သား (သို့) ဝက်သားအဖြစ် မိမိစိတ်ကြိုက် ချက်ပြုတ်နိုင်ပါတယ်နော် ကိုယ်စားချင်တဲ့အသားပြုတ်ရည်ကိုသုံးပြီးချက်ပေးရုံပါပဲ

ပါဝင်သည့်ပစ္စည်းများ

၁။ကြက်ရိုး (သို့) ဝက်ရိုး (၂၀) သားခန့်

၂။  ကြက်သွန်ဖြူ(၄) မွှာ

၃။နံနံပင်အမြစ် အနည်းငယ်

၄။ငရုတ်ကောင်းစေ့ အနည်းငယ်

၅။သကြား စားပွဲတင်ဇွန်း (၁) ဇွန်း

၆။ဆားအနည်းငယ်

၇။ဂျင်းလက်တစ်ဆစ်စာခန့်(ဂျင်းနံ့ မကြိုက်လျှင် မထည့်ပါနှင့်)

၈။မုန်လာဥ ပန်ကန်လုံး တစ်လုံးစာ (ကျောက်ဖယုံသီး လဲ ထည့်သွင်း ချက်ပြုတ်နိုင်ပါသည်)

၉။ဆန်ပြားခေါက်ဆွဲ (အမျဉ် သေး  အကြီးမိမိနှစ်သက်ရာ )

၁၀။ကန်စွန်းရွက် အနည်းငယ်

၁၀။ပဲပင်ပေါက် အနည်းငယ်

၁၁။CP အသားလုံး (ဝက်၊ကြက် ၊ ငါး မိမိနှစ်သက်ရာ)


ချက်ပြုတ်နည်းအဆင့်ဆင့်

၁၂။ပဲငံပြာရည် အပစ်/ အကြည်

# အရည်အိုးမတည်ခင်သကြားအား မီးအေးအေးဖြင့်

 လှော်ပေးပါက ပိုကောင်းပါသည်။ သကြား ပျော်ပြီးမှ နှစ်သက်ရာ အရိုးပြုတ်ပေးရပါမည်#။

၁။အမှတ်စဉ် (၁) မှ (၇) ထိကို အရိုးများ နူးအိသည်အထိ

အချိန်အတော်ကြာပြုတ်ထားပေးရပါမည်။ဝက်ရိုး(သို့) ကြက်ရိုးများ

နူးအိလာပါက  အရည်ကိုစစ်၍ ယူပြီးနောက် မုန်လာဥ ကို

ထည့်၍နောက်ထပ် နာရီဝက်ခန့် ထပ်၍ ပြုတ်ထားပေးလိုက်ပါ။

၂။ဟင်းရည်အိုး အဆင်သင့် ဖြစ်ပြီး ဆိုပါက

ဆန်ပြားခေါက်ဆွဲကိုရေနွေးဆူဆူဖြစ် ခေတ္တပြုတ်ပေးပြီး ရေပြန်စစ်ယူလိုက်

ပါ။

၃။အသင့် ပြင်ဆင်ထားသော ကန်ဇွန်းရွက်နှင့် ပဲပင်ပေါက်ကိုလဲ

အစိမ်းရောင်မပျက်ယုံလေး  ရေနွေးဖျောပေးလိုက်ပါ။

၄။ဟင်းရည်အိုးကို အချိန်အတော်ကြာသည်အထိ ထားမည်ဆိုလျှင် CP

အသားလုံးများကိုသီးသန့်ပြုတ်၍ တစ်ခါထဲ စားမည်ဆိုလျှင် ဟင်းရည်အိုးထဲ

ထည့်၍ချက်ထားနိုင်ပါသည်။

၅။ကွတ်တီယိုနှင့် တွဲဖက်စားသုံးရန် အတွက်

ငရုတ်သီးမှုန့်၊မြေပဲလှော်မှုန့်၊ ဆလကာရည်နှင့် စိမ်ထားသော

ငရုတ်သီးစိမ်း၊သကြားတို့ကိုလဲ အသင့်ပြင်ဆင်ထားနိုင်ပါသည်။

ထို့နောက်မိမိစိတ်ကြိုက် ရသာကို ပြင်ဆင်စားသုံးရန်ဖြစ်သည်။

၆။ထို့နောက် ပန်ကန်လုံးတစ်လုံးတွင် ပါဝင်ပစ္စည်းများကို

အသင့်ပြင်ဆင်ထည့်နိုင်ပါပြီ။

အသုပ်ကြိုက်သူများအတွက်ကွေ့တီယိုအရည်ကို မဆမ်းပဲ

ပါဝင်ပစ္စည်းအားလုံးကိုကြက်သွန်ဖြူကို ထောင်းပြီး ပြန်ကြော်ထားသော

ဆီချက်နှင့်သုပ်စားနိုင်ပါသေးတယ်နော်

ကဲအရမ်းစားလို့ကောင်းတဲ့ယိုးဒယားကွေ့တီယိုလေးကိုအခုပဲ အိမ်မှာလုပ်စားကြည့်လိုက်တော့နော်




Some text some message..