
နံနက်ခင်းအတွက်ခွန်အားဖြစ်မယ့်ပဲငံပြာရည် ထမင်းကြော်…
မနက် ဆိုရင်အမေကြော်ကြွေးတဲ့ပဲငံပြာရည်မွှေးမွှေးနဲ့ ထမင်းကြော်လေးကို သတိမရကြဘူးလား?... ထမင်ပူပူလေးကိုမှ အညိုရောင်သမ်းသမ်းလေးနဲ့ ဆီခြောက်ခြောက်လေးကြော်ထားပြီး ကြက်ဥလေးနဲ့ပဲစားစား၊ ငါးခြောက်ဖုတ်နဲ့ပဲစားစား အရမ်းစားကောင်းလို့ ကြော်စာကြည့်ရအောင်…

ပါဝင်ပစ္စည်းများ…
ထမင်း၊ဆီ၊ ကြက်သွန်ဖြူ၊ ပဲငံပြာရည်အကြည်၊ ကြာညို့၊ဆား၊ အရသာမှုန့်၊ ကြက်ဥ (သို့) ငါးခြောက်ဖုတ်
ပြုလုပ်ပုံအဆင့်ဆင့်
အိုးထဲကိုဆီထည့်ပြီး ကြက်သွန်ဖြူ တစ်ပြားရိုက်ကာ ဆီသပ်ထားပါ။

ထမင်းကိုဇလုံထဲထည့်ပြီး ကြာညို့ ၊ပဲငံပြာရည် အနောက်အနည်းငယ်၊အရသာမှုန့်၊ ဆားအနည်းငယ် ၊ ထည့်ပြီး နယ်ပေးပါ။
ပြီးမှဆီအဆင်သင့်ရှိတဲ့ အိုးထဲကို ထမင်းများထည့်ကာ ဖွဖွလေးနယ်ပါ။ ပဲပြုတ်ကြိုက်ရင် ပဲပြုတ်လေးထည့်ပါ။ပဲပြုတ်မကြိုက်ရင်တော့ ဒီတိုင်းလေးကို ကြွပ်နေအောင် ကြော်ပြီး မွှေးလာရင် ချလို့ရပါပြီနော်…
မိမိကြိုက်နှစ်သက်တဲ့ကြက်ဥ(သို့) ဟင်းတစ်ခုခု နဲ့ တွဲစားလို့ရပါပြီ။ အလိုက်ဆုံးကတော့ ကြက်ဥနဲ့ ငါးခြောက်ဖုတ်ပါပဲနော်..
ကဲ အရမ်းလည်းမခက်လို့အိမ်မှာလိုက်ကြော်စားကြည့် ကြဦးနော်