ငါးခေါင်းဟင်းချို ချက်သောက်ကြမယ်
mmload.com
|
2023-05-06

ငါးခေါင်းဟင်းချိုချက်သောက်ကြမယ်

ချဉ်ချဉ်စပ်စပ်ငါးခေါင်းဟင်းချိုလေးကိုအိမ်မှာ ချက်စားမယ်ဆိုတဲ့ သူတွေအတွက် ဒီတစ်ခေါက်မှာတော့ ခံတွင်းရှင်းတဲ့ ငါးခေါင်းဟင်းချိုလုပ်နည်းလေးကိုဝေမျှပေးပါမယ်နော် ။ လုပ်ရတာလည်းအရမ်းမခက်ပဲ တကယ် ချက်ဖူးတဲ့သူတွေကိုယ်တိုင်ရေးထားတဲ့နည်းနာတွေကိုReference လုပ်ပြီးပြောပြထားတာမလို့ အခုပဲအတူတူလိုက်ချက်ကြည့်ရအောင်

ပါဝင်ပစ္စည်းများ


ငါးကြင်း၊ ငါးမြင်း ၊ ငါးတန်ခေါင်းတွေနဲ့ချက်စားလို့ရပါတယ် ။ငါးမြင်း နဲ့ ငါးတန်ခေါင်းတွေက အသားနည်းလို့ သိပ်မသုံးကြပါဘူး။ ဆိုတော့ ဈေးလည်းသက်သာ ၊ စားလို့လည်းအရသာရှိတဲ့ ငါးကြင်းခေါင်းနဲ့ ချက်နည်းလေးပြောပြပါမယ်နော်

ချက်ပြုတ်နည်းအဆင့်ဆင့်

- ငါးကြင်းခေါင်းသေးရင်အလုံးလိုက်၊ကြီးရင် အလယ်ကထက်ခြမ်းခွဲပြီး ပသိတွေထုတ်ပစ်ပါ ။

ပြီးရင်ရေစင်စင်ဆေးထားပါ ။

- အိုးထဲကိုဆီနည်းနည်းထည့်ပြီးပူလာရင်နနွင်းမှုန့်ထည့်ပါ။စပါးလင်အရင်းပိုင်းလှီးထားတာထည့်ပါ ။

- ငရုတ်သီး၊ ဂျင်း ၊ ကြက်သွန်ဖြူ + နီ ထောင်းထားတာထည့်ပါ ။ မွှေးလာတဲ့အထိဆီသတ်ပြီး ငါးခေါင်းတွေထည့်ပါ ။


-ငံပြာရည်၊ ဆား ၊ အရသာ သင့်ရုံထည့်ပြီး အသာအယာမွှေပါ ။လက်ဆေးရည်နည်းနည်းထည့်တည်ပြီး

ငါးခေါင်းတွေကိုဆယ်ထားပါ ။

- ကျန်တဲ့အိုးထဲကိုမုန်လာဥနီ ၊ မျှစ် ၊ ငုံးဥပြုတ်တို့ထည့်မွှေပါ။ပြီးရင် ရေထည့်ပြီး အသီးအရွက်နူးအောင်တည်ပါ ။အသီးအရွက် နူးခါနီးမှာ ပဲပြားကိုအတုံးလေးတွေလှီးထည့်ပါ။

-အချဉ်အတွက်မန်ကျည်းသီးမှည့်ဖြစ်စေ၊ သံပုရာရည်ဖြစ်စေထည့်ပါ ။မန်ကျည်းမှည့်က ဟင်းအရောင်မဲစေလို့သံပုရာသီးကိုလည်းမသုံးချင်တာနဲ့တုံယမ်း အခဲပဲ ထည့်ပါတယ် ။

- အရသာမြည်းလို့အနေတော်ရင် ငါးခေါင်းတွေထည့်လိုက်ပါ ။ငါးခေါင်းတွေကို ဆယ်မထားရင် ကြေကုန်တတ်ပါတယ် ။

ငါးခေါင်းအနေတော်ရင်နံနံပင် (ဒါမှမဟုတ်) ပင်စိမ်းရွက်လေးအုပ်ပြီး ရင် ဟင်းအိုးချလို့ရပါပြီ...

စားဖို့အဆင်သင့်ပါပဲ။

ခံတွင်းရှင်းရှင်းလေးဖြစ်ပြီးစားလို့ကောင်းတယ်နော်




Some text some message..