
ကြက်ဥသံပုရာ ချဉ်စပ် လုပ်စားကြမယ်
ငါးသံပုရာပေါင်းတို့ကင်မွန် သံပုရာပေါင်းတို့လို ချဉ်ချဉ်စပ်စပ်သံပုရာပေါင်းစားချင်တဲ့သူတွေအတွက် ဒီတစ်ခေါက်မှာအထူးအဆန်းသံပုရာပေါင်းတစ်ခုကို ပြောပြမယ်နော်
ဒါကတော့ဆီလည်းမပါ၊ ဝိတ်လည်းကျ၊ အရသာလည်းရှိပြီး ချဉ်ချဉ်စပ်စပ်လေးနဲ့စားလို့ကောင်းတဲ့ ကြက်ဥသံပုရာချဉ်စပ်လေးကိုလုပ်စားကြည့်ရအောင်…
ကြက်ဥ(သို့)ဘဲဥသံပုရာအတွက်
ပါဝင်ပစ္စည်းများကတော့

ကြက်ဥ- ၅ လုံး(ဆားထည့်ပြုတ်ပါ)
သံပုရာသီး- ၃ လုံး(အရည်ညှစ်ထားပါ)
စပါးလင်- ၁ ပင် (ရိတ်ရိတ်လှီး)
ငရုတ်သီးစိမ်းအနီတောင့်- ၁၀ တောင့်(လှီးထားပါ)
ကြက်သွန်ဖြူ- ၁ လုံး(နုတ်နုတ်စင်း)
ဂျင်း- လက် ၂ ဆစ်(နုတ်နုတ်စင်း)
နံနံပင်- အနည်းငယ်
ရှမ်းနံနံ- အနည်းငယ်
ပြုတ်ထားတဲ့ဘဲဥတွေကိုထက်ခြမ်းခြမ်းထားပါ
ဆော့စ်ရည်အတွက်
သံပုရာရည်- စားပွဲတင်ဇွန်း၄ စွန်း
ငံပြာရည်- စားပွဲတင်ဇွန်း၂ စွန်း
ဆား- လက်ဖက်ရည်ဇွန်း၁ စွန်း
ကြက်သားမှုန့်- လက်ဖက်ရည်ဇွန်း၁ ဝက်
သကြား- လက်ဖက်ရည်ဇွန်း၂ စွန်း
ရေနွေး- ပန်းကန်လုံး၁ လုံး
ပန်းကန်၁ ခုထဲသို လှီးထားတဲ့အစာတွေထည့်၊ အပေါ်က ပါဝင်ပစ္စည်းတွေထည့်ပြီးသမအောင်ရောပေးပါ။အရသာမြည်းပါ။လိုသလိုပြင်ပါ။
ပြီးရင်ဆော့စ်ရည်ကို ကြက်ဥပန်းကန်ထဲလောင်းထည့်ပါ။သံပုရာသီး ၁ လုံးကို အကွင်းလိုက်လှီးပြီးစီထည့်ပါ။
အခုဆိုရင်ချဉ်ငံစပ်အရသာလေးနဲ့ဘဲဥသံပုရာကိုထမင်းပူပူလေးနဲ့သုံးဆောင်နိုင်ပါပြီ
မိမိကြိုက်နှစ်သက်ရာကြက်ဥ(သို့ ) ဘဲဥ (သို့) ငုံးဥနဲ့ လုပ်စားလို့ရတယ်နော်…