
မြန်မာ့ရိုးရာမုန့်သိုင်းခြုံ လုပ်စားကြမယ်
မုန့်နာမည်လေးကြားလိုက်တာနဲ့နွေးထွေးနူးညံ့သလိုခံစားရမယ့် မုန့်လေးထဲက တစ်ခုကို ပြောပါဆိုရင် မုန့်သိုင်းခြုံပါပဲ။ မုန့်သိုင်းခြုံ ဟာဆိုရင် မြန်မာ့ရိုးရာ မုန့်လေးတစ်မျိုးဖြစ်ပြီးလူတော်တာ်များများကြိုက်ကြမယ်ဆိုရင်လည်းမမှားပါဘူး။ဆိုတော့ မုန့်သိုင်းခြုံကို ဆိုင်ကနေဝယ်စားရတာ အားမရဘူးဆိုတဲ့သူတွေအတွက်ဒီတစ်ခေါက်မှာတော့ မုန့်သိုင်းခြုံလုပ်နည်းလေးကိုပြောပြပေးပါမယ်
ပါဝင်ပစ္စည်းများ
.

• ကြက်ဥ(သို့) ဘဲဥ - ၃ လုံး
• ဆား- နည်းနည်း
• ဂျုံမှုန့်- ၁၃ဝ ဂရမ်
• ရေ- ၆ဝ ဂရမ်
• ဆိုဒါ- နည်းနည်း
• အုန်းသီးခြစ်ပြီးသား
• သကြား

ပြုလုပ်နည်း
ကြက်ဥ၊ ဆား၊ ဂျုံမှုန့်၊ ရေ၊ ဆိုဒါ တို့ကို
ရောမွှေပေးပါ။အရမ်းပျစ်နေရင် ရေနည်းနည်းထပ်ထည့်ထားပြီးမိနစ်အနည်းငယ် ကြာရင်
ဒယ်အပြားကိုဆီသုတ်ခါ မုန့်ပါးပါးထည့်ပြီး အလယ်မှာ အိုးယိုထည့်ပြီး ခေါက်ပြီး ရင် ရပါပြီ။
မုန့်သိုင်းခြုံထဲထည့်မယ့် အုန်းယိုလုပ်တဲ့နည်းလေးကတော့ . . .
အုန်းသီးအဖတ်လေးတွေကို သကြားအချိုကို လိုသလောက်ထည့်ပြီး
အပူပေးပြီး သကြားပွင့်ပျောက် သည်အထိ လှော်ထားပေးရမှာဖြစ်ပါတယ်။
ကဲဒါဆိုရင်တော့နွေးထွေးတဲ့အနှစ်အရသာကို ခံစားရစေမယ့် မြန်မာမုန့် မုန့်သိုင်းခြုံလေးကိုရပါပြီ။ပူပူချိုချိုမွှေးမွှေးလေးမလို့အိမ်မှာလုပ်စားကြည့်ကြဦးနော်