ချဉ်ပေါင်သီး ဟင်းရည်မွှေးမွှေးလေး ချက်သောက်ကြမယ်
mmload.com
|
2023-06-03

ချဉ်ပေါင်သီး ဟင်းရည် ချက်သောက်ကြမယ်

ချဉ်ပေါင်ရွက်သာ စားကြပေမယ့်၊ ချဉ်ပေါင်သီးကို စားတဲ့သူနည်းပါတယ်။ ဒါပေမယ့် ရခိုင်ဘက်နဲ့ တချို့အညာဒေသတွေမှာအိမ်ကိုယ်ဆီက စိုက်ခင်းလေးတွေရှိကြတဲ့အတွက် အခုလို သဘာဝအသီးတွေကိုအားပါးတရ လိုတဲ့အချိန် ချက်စားလို့ရပါတယ်။ ဆိုတော့ ဒီတစ်ခေါက်မှာ ချဉ်ပေါင်သီးဟင်းရည်ကို ဘယ်လိုချက်ရမလဲဆိုတာ ပြောပြပေးမှာမလို့ ကိုယ့်ဆီမှာ ချဉ်ပေါင်သီး ရှိတဲ့အခါ ချက်စားကြည့်နော်...


ချက်နည်း လေးကတော့

ချဉ်ပေါင်သီးကို သေချာရေဆေး ၊ ချက်မယ့်အိုးထဲထည့်ပြီး ရေကို မိမိလိုသလောက် အချိုးအစားထည့်ပေးပါ ။ ငပိ ၊ ငရုတ်သီးစိမ်း ၁တောင့်ကို ညှပ်ထည့်ပေးပြီးရင် ဆား ၊ အချိုမှုန့် (အရသာမှုန့်) အနည်းငယ်ထည့်ပြီး အိုးဖုံးလေးဖုံး မီးဖိုပေါ်မှာ ဟင်းအိုးဆူပွက် အချဉ်အရသာထွက်တဲ့အထိ ချက်ပေးရုံပါပဲ ။ ရခိုင်တွေရဲ့ ချဉ်ဟင်းတွေဟာ အရမ်းရိုးစင်းပြီး ကျန်းမာရေးအတွက်လည်း ကောင်းပါတယ် ။


ချဉ်ပေါင်သီး ဟင်းရည်ဟာ ပူအိုက်တဲ့ ရာသီဥတုတွေအတွက် အရမ်းကောင်းတဲ့အစားအစာတစ်မျိုးပါ။ ဟိုတနေ့က တင်တဲ့ ခရမ်းသီးငါးခြောက်ဟင်း ၊ ငါးသေတ္တာမွှေကြော် ၊ ချဉ်ပေါင်သီးဟင်းချို ၊ ချဉ်ငံစပ် ငပိထောင်းလေးတစ်ခွက်နဲ့ မြင်းခွာရွက်ပင်ပေါက်လေးတို့စရာ နဲ့ဆိုရင် တကယ်လိုက်ဖက်တဲ့ ထမင်းဝိုင်းလေးဖြစ်နေမှာပါနော်...




Some text some message..