
မျှစ်ထောင်းလေးလုပ်စားတယ်
မျှစ်နုလေးတွေကိုထောင်းစားရင် သိပ်စားကောင်းတာသိပြီးကြပြီလား?မျှစ်ကို ဟင်းချက်စားတာကြော်တာမျိုးပဲမစားကြနဲ့နော်...တခါတလေ အဆန်းလေးလည်းဖြစ်စားလို့လည်းကောင်းတဲ့မျှစ်ထောင်းလေး လုပ်စားကြည့်ရအောင် ...
ပါဝင်ပစ္စည်းများ
မျှစ်ချို .၂၅သား
ကြက်သွန်ဖြူ၂မွာ
ငရုပ်သီးစိမ်း၅/၆/၇ အစပ်ကြိုက်သလောက်ထည့်
ထန်းညှပ်၂လုံး
သံပုရာသီး၁/၂(သေးရင် ၂လုံး/ကြီးရင် ၁လုံး)

ကြက်သားမှုန့်
ငံပြာရည်
ပြုလုပ်နည်းအဆင့်ဆင့်
မျှစ်ကိုအနေတော်လေးလှီးထားပြီးပန်ကန်ထဲထည့်ထားပါ။
ကြက်သွန်ဖြူအရင်ထောင်း ပြီးရင် ငရုပ်သီးစိမ်း ထန်းညှပ် ထည့်ထောင်း ပြီးရင် သံပုရာသီး ကြက်သားမှုန့် ငံပြာရည် အရသာသင့်ရုံစပ်ပြီး လှီးပြီးသားမျှစ်ကိုထည့်ပါ။

တကယ်ထောင်းတာမဟုတ်ဘဲ ဇွန်းနဲ့ ခပ်ဖွဖွလေး ထောင်းသလိုလုပ်ပြီး နှံ့ပြီဆိုရင် ရပါပြီ။
အရသာရှိပြီးစားရတာ ခံတွင်းတွေ့စေမယ့် အထောင်းလေးတစ်မျိုးမလို့ အိမ်မှာလုပ်စားကြည့်နော်...