
ကြက်မဆလာခေါက်ဆွဲကြော်
ခေါက်ဆွဲကြော်ကို ရိုးရိုးလေးပဲ စားဖူးတဲ့သူတွေအတွက် ဒီတစ်ခေါက်မှာ အရသာတစ်မျိုးနဲ့ စားလို့ကောင်းတဲ့ မဆလာ ခေါက်ဆွဲကြော်နည်းလေးကိုဝေမျှပေးချင်ပါတယ်။ အိန္ဒိယ စတိုင်နဲ့စားလို့ကောင်းတဲ့ ဟင်းလေးတစ်ခွက်မလို့အိမ်မှာ မိသားစုနဲ့အတူတူ ကြော် စားကြည့်ရအောင်နော်
ပါဝင်ပစ္စည်းများ
ကြက်သားအသားသက်သက်ကိုရေဆေးသန့်စင်ပြီးအတုံးသေးသေးလှီးကာဆားနနွင်းမဆလာအချိုမှုန့်နှင့်နယ်ထားပါ။
ချဉ်သီးတို့ကိုရေဆေးပြီးအမျှင်လှီးထားပါငရုတ်သီးစိမ်းကိုအညှာချွေလှီးထားပါ ။
ကြက်သွန်နီကြက်သွန်

ဖြူချင်းတို့ကိုနုတ်နုတ်စင်း
ထားပါ ခေါက်ဆွဲလုပ်ပြီးသားကိုဈေးမှဝယ်ထားပါ
ဒယ်အိုးတလုံးမှာဆီထည့်၍
ဆီပူလာရင်ကြက်သွန်ဖြူနီ
ချင်းစင်းလှီးထားတာကိုနနွင်း
မှုန့်ငရုတ်သီးအစိမ်းမှုန့်ထည့်၍
ဆီသတ်ပါ အနံ့မွှေးလာရင်
ကြက်သားနယ်ထားတာထည့်ပါ ကြက်သားဆီပြန်ပြီးကျက်
လာအောင်ကြော်ပါ

ကြက်သားကျက်ရင်အသီးအရွက်လှီးထားတာထည့်ပါ ရေနဲနဲထည့်ပါ ပဲငံပြာရည် ခရုဆီ
အချိုမှုန့်ထည့်ပါ မဆလာမွှေးထည့်ပါသမအောင်မွှေပေးပါ
အသီးရွက်ကျက်ရင်ခေါက်ဆွဲကိုထည့်ပြီးမွှေပေးပါပူစီနံရှိရင်အရွက်ချွေပြီးထည့်ပါ ငရုတ်သီးစိမ်းတောင့်ကိုလှီးပြီးထည့်ကာမွှေပေးပါ။
အရသာမြည်းကြည့်ပါ အနေတော်ဆိုကြက်မဆလာခေါက်ဆွဲကြော်ရပါပြီ။
အချဉ်ကသခွားသီးကြက်သွန်နီခရမ်းချဉ်သီးငရုတ်သီး
စိမ်းတို့ကိုရေဆေးပြီးပါးပါးလှီးကာပူစီနံရွက်ချွေထည့်သံပုရာရည်ညှစ်ထည့်ဆားသကြားနဲနဲထည့်ပြီးသမအောင်နယ်ပေးပါ အချဉ်အတွက်ရပါပြီ။
ကြက်မဆလာခေါက်ဆွဲကြော်နှင့်အချဉ်တွဲစားလို့ရပါပြီ။
ထိမိတဲ့အရသာလေးနဲ့ အိန္ဒိယဆန်ဆန် ခေါက်ဆွဲကြော်လေးကို စားချင်တယ်ဆိုရင်တော့ ဒီလိုမျိုးလေး ကြော်စားကြည့်ကြဦးနော်...