
နှင်းပုလဲ ထမင်းပေါင်း လုပ်စားကြမယ်။
နှင်းပုလဲ ထမင်ပေါင်းအတွက် ကြက်သားနဲ့ ထမင်းကတော့ပုံမှန်ချက်နေကြအတိုင်းပဲ ရိုးရှင်းပါတယ်။ ဒါပေမယ့် ထူးခြားတာက ထမင်းပေါင်းထဲမှာပါတဲ့ ထည့်တဲ့အနှစ်ပါ။ ဆိုတော့ ဒီတစ်ခေါက်ထမင်းပေါင်းထဲမှာ main ဖြစ်တဲ့ အနှစ်လုပ်နည်းကို ပြောပြပေးပါမယ်နော်။ အရမ်းစားကောင်းမယ့်အနှစ်ချက်နည်းလေးမလို့လိုက်ချက်ကြည့်ကြဦးနော်
ဟင်းအနှစ်အတွက် ပါဝင်ပစ္စည်းတွေကတော့
ကြက်သွန်ဖြူနီ ကရဝေးရွက် သစ်ဂျပိုးခေါက်တို့
ဖြစ်ပါတယ်

ကြက်သွန်ဖြူနီကို ရေဆေးပြီး လှီးထားပါ
အရသာချိုငန်အတွက်
ပဲငံပြာရည်အနောက်၊ ငံပြာရည်၊ မဆလာ၊
အရောင်တင်မှုန့်နဲ့ နနွင်း၊ သကြား၊ ဆားတို့
ပါဝင်ပါတယ် ။ချက်မယ့်အိုးထဲ ဆီများများထည့်ပါ။ ဆီပူလာရင်
ကရဝေးရွက်နဲ့ သစ်ဂျပိုးခေါက်ကို ဆီသတ်ပေးပါ။
ပြီးရင် ကြက်သွန်ဖြူနီထည့်ပါ။ အရောင်တင်မှုန့်နဲ့ နနွင်းထည့်ပြီး မွှေပေးပါ။ ဟင်းအနှစ်ကျရန်အတွက်
ရေ ၁ ဗူးထည့်ပါ။ အရသာအတွက် ပဲငံပြာရည်အနောက်၊ ငံပြာရည်၊ ဆား၊ သကြားထည့်ပါ။
မီးအေးအေးနဲ့ တည်ပေးပါ။ ရေခန်းပြီး ဟင်းအနှစ်ကျပြီဆိုရင် အရသာမြည်းပါ။ လိုသလိုပြင်ပါ။
အရသာအဆင်ပြေရင် မဆလာထည့်ပါ။
နှင်းပုလဲထမင်းပေါင်းအတွက် ဟင်းအနှစ်ရပါပြီ။ သစ်ဂျပိုးခေါက်နဲ့ ကရဝေးရွက်ကို ရွေးပြီး ပြန်ထုတ်လိုက်ပါ။

နှင်းပုလဲထမင်းပေါင်း ပြင်ဆင်တော့မယ်ဆိုရင်
ငှက်ပျောဖက်ပေါ် ထမင်းပူပူလေး ထည့်ပါ။
ဟင်းအနှစ်ထည့်ပါ။ ချဥ်ပေါင်ကြော်နဲ့ ငရုတ်သီးကြော်ထည့်ပါ။ ကိုက်စားဖို့ သခွားသီး၊ သရက်သီးစိမ်း၊ ဥနီ နှစ်သက်ရာထည့်ပါ။
ပြီးမှ ကြက်ကြော် ဒါမှမဟုတ် ကိုယ့်နှစ်သက်ရာ ဟင်းတစ်မျိုးမျိုး ထည့်ပါ။ အရမ်းစားလို့မြိန်တဲ့
နှင်းပုလဲ ထမင်းပေါင်းလေး ရပါပြီ
ထိထိမိမိ အနှစ်လေးနဲ့ အရမ်းကို စားလို့ကောင်းတဲ့ ချက်နည်းလေးမလို့အိမ်မှာချက်စားကြည့်ကြဦးနော်