ငပိကြော်စိုစိုလေး ကြော်စားမယ်
mmload.com
|
2023-06-21

ငပိကြော်စိုစိုလေးကြော်စားမယ်

ထမင်းကြော်နဲ့စားဖို့လိုက်ဖက်တဲ့ငပိကြော်ကြော်နည်းလေးပါ။ အရမ်းစားလို့ကောင်းပြီး ထမင်းပူပူလေးနဲ့စားရင်လည်းအသားဟင်းတောင်မလိုပဲထိမိနေမှာနော်...

ကြော်ပုံကြော်နည်းလေးပြောပြပေးမယ်နော်

ပထမဆုံးကြက်သွန်နီတွေကိုပါးပါးလှီးပြီးကြွပ်အောင်ကြော်

ပြီးဆီစစ်ထားပါ။


မန်ကျည်းသီးမှည့်တွေကိုရေနွေးအနည်းငယ်နဲ့စိမ်ပြီး

နယ်ထားပါ။ကြော်မယ့်အိုးထဲမှာကြက်သွန်နီ ကြက်သွန်ဖြူတို့ကိုပါးပါးလှီးထည့်

ဆီများများနဲ့ကြော်ပါ။ကြက်သွန်တွေကြွပ်ခါနီးမှာ

ငရုတ်သီးခွဲခြမ်းတွေထည့်ပြီးကြော်ပါ

ပြီးရင်မန်ကျည်းသီးမှည့်၊စိမ်းစားငပိ၊ပုစွန်ခြောက်မှုန့်၊သကြား၊

ငန်ပြာရည်တို့ထည့်ပြီးမီးနည်းနည်းနဲ့ဆက်ကြော်ပါ

အချဉ်အရသာပိုအောင်ငန်ပြာရည်လျှော့ထည့်ပါ။


မကြာခဏမွှေကြော်ပေးပါ။

ဒါမှအရသာတွေအားလုံးရောနှောသွားမှာပါငန်ပြာရည်နဲ့မန်းကျည်းသီးမှည့်တွေအစိုပျောက်အောင်ကြော်ပြီး

နောက်ဆုံးမှကြော်ထားတဲ့ကြက်သွန်နီကြော်ကိုဖြူးထည့်ပါ

အစပ်ကြိုက်ရင်ငရုတ်သီးစိမ်းတောင့်လေးတွေထည့်ကြော်လို့ရပါတယ်။

အရမ်းကိုစားလို့ကောင်းပြီးထမင်းပူပူလေးနဲ့စားရင်သိပ်ကိုမြိန်မှာ မလို့ လုပ်စားကြည့်ကြဦးနော်




Some text some message..