ငါးရခိုင်ချက် ချက်စားကြမယ်...
mmload.com
|
2023-06-23

ငါးရခိုင်ချက်ချက်စားကြမယ်...

ငါးကိုရခိုင်လို ချဉ်ငံစပ်လေး ချက်စားချင်ကြတဲ့သူတွေအတွက်အရမ်းကိုစားလို့ကောင်းပြီးအရသာရှိတဲ့ငါးရခိုင်ချက်ပူပူစပ်စပ်ချက်နည်းလေးကိုဝေမျှပေးပါမယ်နော်...

ရာသီဥတုပူပူလေးနဲ့ဆိုတော့ချက်စားကြည့်ကြဦးနော်


လိုအပ်သောပစ္စည်းများ

နှစ်သက်ရာငါးတစ်မျိုး

ကုလားအော်            

ငရုတ်သီးစိမ်း            

မန်ကျည်းသီးမှည့်     

အချိုမှုန့်                    

နံနံပင်သို့ ရှမ်းနံနံ                  

ဆား                                     

မျှင်ငါးပိသို့ စိမ်းစားငပိ      

ဆီအနည်းငယ်    

ဆနွင်းမှုန့်အနည်းငယ်

ကြက်သွန်ဖြူ

ငရုပ်ကောင်းအနည်းငယ်

ချက်နည်းအဆင့်ဆင့်


ပထမဆုံးငရုတ်သီးစိမ်း နှင့် ကုလားအော်တောင့် များကို မီး အေးအေး နှင့် နွမ်းသွားသည့် အထိ ကင်ပြီး ကြက်သွန်ဖြူနှင့်ရောကာ မညက်တညက် ကြိတ်ထားပေးပါ။

အိုးတစ်လုံးထဲမှာငါးကို ဆား  ဆနွင်းမှုန့်အချိုမှုန့်  မျှင်ငါးပိတို့နဲ့နယ်ပြီးနှပ်ထားပါ…

မန်ကျည်းသီးရေဖျော်ထားပါ။နံနံပင်သို့ ရှမ်းနံနံကို သင်ပြီး ရေစိမ်ထားပါ…

နှပ်ထားသောငါးကို မီးဖိုပေါ်တင်ပြီးလျှင် ကုလားအော် ငရုတ်သီးစိမ်း ကြက်သွန်ဖြူ ကြိတ်ထားတာထည့်ပါ။

ဆီထည့် ၊ ရေထည့်ပြီး တည်ထားပါ ။

ဆူပြီဆိုလျှင်မန်ကျည်းမှည့် အရည်ဖျော်ထားတာထည့်ပြီး ပြန်ဆူအောင်စောင့်ပါ။( ပုစွန်အကွေး ငါးအနွေး အကြာကြီးမတည်ပါဘူးနော်)

ဆူလာပြီဆိုနံနံပင် သို့ ရှမ်းနံနံ အုပ်ပြီး စားလို့ရပါပြီ ။

အရမ်းစားလို့ကောင်းပြီးချဉ်ချဉ်စပ်စပ် အရသာလေးမလို့ အိမ်မှာချက်စားကြည့်ကြဦးနော်




Some text some message..