ပုဇွန်မဆလာချက် ချက်စားကြမယ်
mmload.com
|
2023-06-27

ပုဇွန်မဆလာချက် ချက်စားကြမယ်

ဂဏန်းတို့ ပြည်ကြီးငါးတို့ကို မဆလာနဲ့ချက်သလို ပဲ ပုစွန်ကိုရော မဆလာနဲ့ချက်စားဖူးကြလား?...

ပုစွန်ကို မဆလာချက် ချက်စားချင်တဲ့သူတွေအတွက် ဒီနေ့မှာ အရသာအရမ်းရှိပြီး စားလို့ကောင်းတဲ့ ပုစွန်မဆလာ ချက်နည်းလေးကို ပြောပြပေးပါမယ်နော်။ အရမ်းစားလို့ကောင်းလို့အတူတူလိုက်ချက်ကြည့်ရအောင်

ပုဇွန်ထုတ်(သို့)ပုဇွန်ကျား အကောင် ခပ်တန်တန်

30 သားကို ခေါင်းထိပ်အနည်းငယ်ဖြတ်၊ရွှံ့အိမ်ထုတ်၊

အမြီးဖျား ဖြတ်။ဗိုက်မွေး ဖြုတ်ကာ ဆေးကြောသန့်စင်

ထားပါ။


ထို့နောက် ပုဇွန်များကို ဆား tea ဇွန်း1ဇွန်း။နနွင်းမှုန့်နှင့်

အချိုမှုန့် အနည်းငယ် ၊သကြား 1ဇွန်းစီတို့ဖြင့်

သမအောင ရောနယ်ထားပါ။်

ကြက်ဥ 1 လုံး အား နာနာခေါက်မွှေထားပါ။

ကြက်သွန်ဖြူအမွှာကြီး 6/7 မွှာနှင့်ကြက်သွန်နီ

2 လုံးကို ညက်အောင်ထောင်းထားပါ။

ရှမ်းနံနံ 10 ပင်ခန့်ကို အမြစ်ဖြတ်၍ရေဆေးထားပါ။

ဒယ်အိုးထဲသို့ ဆီ ဟင်းခတ်ဇွန်း 3 ဇွန်းထည့်ကာ

အပူပေး၍ဆီပူရင် ထောင်းထားသောကြက်သွန်များ

နှင့် ငရုတ်သီး tea ဇွန်း 2 ဇွန်းကို ထည့်ကာ

ဆီသတ်ပေးပါ။ထို့နောက်ပုဇွန်များထည့်ကာ

မွှေပေးပါ။အနံ့မွှေးလာရင် ရေ ပုဇွန်မြုတ် ရုံသာ

ထည့်၍အဖုံးအုပ်ကာ 6/7 မိနစ်ခန့် ထားပါ။


ဟင်းအရည်မပျစ်မကျဲ လေးဖြစ်လာရင် မဆလာ

အနည်းငယ်၊ ပဲငံပြာရည် tea ဇွန်း1ဇွန်းထည့်ကာ

မွှေ၍ အပေါ့အငံ မြည်းပါ။အရသာစိတ်ကြိုက်ဖြစ်

်ပြီဆိုရင် ရှမ်းနံနထည့်ကာ အရွက်နွမ်းအောင်

ခဏအဖုံးအုပ်ပေးပြီး ခေါက်မွှေထားသောကြက်ဥ

ကိုလောင်းထည့်ကာ အနည်းငယ်မွှေပေ်းပြီး ရင်

ချလိုက်လို့ရပါပြီ။

ရှမ်းနံနံအနံ့မွှေးမွှေးလေးနဲ့ အဆီနှစ်နိုင်နိုင်စားလို့ကောင်းတဲ့ ပုစွန်မဆလာချက်လေးကို လိုက်ချက်စားကြည့်ကြဦးနော်... ချက်ရတာလည်းလွယ်လွန်းပြီး ထမင်းပူပူလေးနဲ့လည်း အရမ်းလိုက်ဖက်တာမလို့ ထမင်းမြိန်မှာ အသေချာပါပဲ။




Some text some message..