
ငါးသားလိတ်ကြော်
လက်ဖက်ရည်ဆိုင် ကြီးတွေမှာ ရောင်းလေ့ရှိတဲ့ငါးအသားလုံးကြော်၊ အသားလိတ်ကြော်ကို အရမ်းကြိုက်တဲ့သူတွေရှိလား? အပြင်က အခွံကြွပ်ကြွပ်လေးကိုမှ အထဲကငါးသားထုပ်ထုပ်လေးနဲ့စားလို့ကောင်းတဲ့ ငါးအသားလိတ်ကြော်နည်းလေးကို ဒီနေ့မှာ ဝေမျှပေးသွားပါမယ်နော်။ လုပ်ရတာလည်းအရမ်းမခက်ပဲ ထမင်းနဲ့စားစား ဒီတိုင်းစားစား စားလို့ကောင်းလို့ အိမ်မှာလုပ်စားကြည့်ကြဦးနော်...

ငါးကတော့အသားများတဲ့ ငါးတန်ကို အသုံးပြုထားပြီး ထုပ်ထုပ် လေး စားလို့ကောင်းဖို့အတွက် ငါးဖယ်ခြစ် အနည်းငယ်ကိုလည်း သုံးထားပါတယ်နော်။ ငါးတန်မကြိုက်ရင်တော့မိမိကြိုက်နှစ်သက်ရာ အသားများတဲ့ငါးနဲ့ ကြော်စားလို့ရပါတယ်။
ငါးတန် ၂၀သား(အသားလွှာနုပ်နုပ်စင်း)
ငါးဖယ်ခြစ် ၁၀သား
ပုစွန် ၂၅ကောင်(အမြီးချန်ပြီးခွာထားပါ)
ကြက်ဥ ၂လုံး
ကော်မှုန့် ၂ဇွန်း
ကြက်သွန်ဖြူ နှစ်မွှာ (ထောင်းထားပါ)
အသားမှုန့်
ဆား
ငရုတ်ကောင်း
ဂျုံမှုန့်
ပေါင်မုန့်ခြောက်
ဆီ

ကြက်သွန်မြိတ်
ငါးတန် ၊ငါးဖယ်ခြစ် အသားမှုန့် ဆား ငရုတ်ကောင်း ကော်မှုန့် ကြက်သွန်မြိတ် ကြက်ဥ ၁လုံး ကြက်သွန်ဖြူတို့ကို ရောနယ်ထားပါ။
ကြက်ဥ ၁လုံးကိုခလောက်ထားပါ။
နယ်ထားတဲ့အသားနှင့်ပုစွန်ကိုအနေတော်အလုံးလေးတွေလုံးပါ။
ဂျုံမှုန်ကပ်ပါ။ခလောက်ထားတဲ့ကြက်ဥထဲနှစ်ပါ။
ပေါင်မုန့်ခြောက်ကပ်၍ဆီပူပူမှာထည့်ကြော်ပါ။
ရွှေရောင်သန်းလာရင်တော့ စားသုံးလို့ရပါပြီနော်...
ပူပူမွှေးမွှေးလေးနဲ့ စားလိုက်တိုင်း တစ်ထုပ်ထုပ်နဲ့မလို့ ကလေးလူကြီး အကြိုက်တွေ့စေမှာ အသေချာပါပဲ။