
တရုတ်စတိုင် ဝက်စတူး
တရုတ်ဆိုင်တွေမှာ ရောင်းလေ့ရှိတဲ့ ဝက်စတူး ကိုအိမ်မှာ စိတ်ကြိုက်ချက်စားချင်တဲ့ သူတွေအတွက် ဒီနေ့မှာ အိစင်းပြီး အနံ့မွှေးတဲ့ တရုတ်စတူး ဟင်းချက်နည်းလေးပြောပြမယ်နော်

ပါဝင်ပစ္စည်း -ဝက်သုံးထပ်သား-ရှားကောပါးကော အမှုန့် (၀r) အစေ့-ဂျင်း/ကြက်သွန်ဖြူ/နာနတ်ပွင့်-ဆား/ဟင်းချိုမှုန့်(or)ကြက်သားမှုန့် /ဆီ-ပဲငံပြာရည် အကြည် / အနောက်-ကြက်သွန်မြိတ်

ချက်နည်းအဆင့်ဆင့်
ဝက်သား သုံးထပ်သား ကို အတုံးလေးတွေ တုံးပြီး ရှားကောပါးကော၊ ဆား၊ ဟင်းချိုမှုန့် (or)ကြက်သားမှုန့် ၊တရုတ်ဟင်းချက်ဝိုင်၊ပဲငံပြာရည် အကြည်၊ အနောက်တို့နှင့် သင့်အောင်နယ်ထားပါ။တစ်နာရီလောက်နပ်ထားရင် ပိုကောင်းပါတယ်။
ဒန်အိုးထဲ ဆီ ထည့်ပီး မီးနဲ့တည်ပါ။ဆီပူလာလျှင် နာနတ်ပွင့် / ရှောက်ကောစေ့ ကြော်ပီး ပန်းကန်တစ်လုံးထဲတွင် ထည့်ထားပါ။ပြီးရင် နပ်ထားတဲ့ ဝက်သားကိုအညိုအရောင်သန်းလာသည်အထိ ကြော်ပေးပါ။ပြီးရင် ကြော်ထားတဲ့ဝက်သားရယ်၊ ကြော်ထားတဲ့ ရှောက်ကော နာနတ်ပွင့် ၊ဂျင်း ကြက်သွန်ဖြူကို အိုးတစ်လုံးထဲတွင် ထည့်ပြီးဝက်သားတွေကိုရေမြုတ်တဲ့အထိ ထည့်ပါ။ ၊သကြား၊ပဲငံပြာရည် အကြည်၊ ပဲငံပြာရည် အနောက် ၊ဟင်းခက်မှုန့်၊ ကြက်သွန်မြိတ်ထည့်ပြီး မီးအနည်းဆုံးနဲ့ ၁နာရီခွဲခန့် အဖုံးလုံးဝ မဖွင့်ပဲ တည်ထားပါ။
မိနစ်ပြည့်လို့ ဟင်းကို ကိုယ်လိုချင်တဲ့ အရသာ အနေအထားရှိမရှိ အပေါ့အငန် မြည်းကြည့်ပြီးရင်တော့ စားချင်စဖွယ် ဝက်စတူး ရပါပြီ။