ရေချိုငါးရံ့ အိုးကပ်ချက်စားမယ်
mmload.com
|
2023-07-03

ငါးရံ့ အိုးကပ် ချက်စားကြမယ်

ငါးကြိုက်တဲ့ သူလေးတွေအတွက် ဒီတစ်ခေါက်မှာ အရသာရှိပြီး ချိုတဲ့ ရေချိုငါးရံ့ အိုးကပ်ချက်နည်းလေးကို‌ ပြောပြပေးပါမယ်။ ချက်ရတာ အရမ်းမခက်ပဲ ထမင်းမြိန်တဲ့ဟင်းတစ်ခွက်မလို့ အိမ်မှာအတူတူ ချက်စားကြည့်ရအောင်နော်

ပါဝင်ပစ္စည်းများ

-ငါးရံ (၃၀)သား

-ဂျင်းလက်တဆစ်ခန့်

-ကြက်သွန်ဖြူ ၅မွှာ

-ကြက်သွန်နီ ၂ လုံး

-ကိုင်းခရမ်းချဉ်သီး(၄) ရိုးခရမ်းချဉ်သီး(၁) လုံး


-စပါးလင် ၂ ချောင်း

ချက်ပြုတ်ပုံ

(1)ငါးရံ ကိုအကြေးခွံပြောင်အောင် ခွာ၍ဆားကြမ်းများများနဲ့ ပွတ်ဆေးပေးပါ။

ဗိုက်အတွင်းထဲ ကိုသေချာပွတ်ဆေးကြောသန့့်စင်ပါ။

ပြီးလျှင် နှစ်သက်ရာအသားမှုန့်- ငံပြာရည် -ဆား-ဆနွင်း ငါးပိ လက်သဲခွံခန့် ထည့့်ပြီးအရသာဝင်အောင်နယ်ပါ။

(2)ကြက်သွန်ဖြူနီဂျင်းငရုပ်သီးမှုန့်အနဲငယ်တို့ကိုထောင်းပြီးဆီသတ်ပါ။စပါးလျင်၂ချောင်းလှီးထည့့်ပြီး အနံမွှေး လာသည်အထိ ဆီသတ်ပြီးမှ ခရမ်းချဉ်သီး ထည့်ပါ။


(3) ခရမ်းချဉ်သီး ကြေမှ ငါးများထည့် ပါ။

ငါးတွေကို တဘက်လှန် ပေးပါ ။ အဖုံးအုပ်ပေးပါ။

(4) ဆီပြန်လျှင်ရေ အနဲငယ်သာထည့်ပြီးအိုးလေးကို လှုပ်လိုက် တဘက်သို့ စောင်းပေးလိုက် နှင့် လှည့်ပြီး တည် သွားပေးပါ။

မီးအရမ်းမပြင်းပါနှင့်

(5)ဆီပြန်၍ အနှစ်ခြောက်သွားပြီး အိုးကပ် လာမှ နံနံပင်အုပ်ပါ။

ခရမ်းချဉ်သီးအနှစ်များများနဲ့ ငါးရံအိုးကပ်ဟင်းလေး ရပါပြီရှင်


အရမ်းစားလို့ကောင်းပြီး ထမင်းမြိန်တဲ့ ဆီပြန်ဟင်းလေးတစ်ခွက်မလို့ ငါးကြိုက်တဲ့သူတွေ အိမ်မှာ ချက်စားကြည့်ကြဦးနော်




Some text some message..