
မိန်းကလေးအများစုရော ယောကျာ်းတွေပါ ကြိုက်ကြတဲ့ အစားစာလို့ပြောရင်ရခိုင်မုန့်တီလို့ ပြောရမှာပဲ။ ရခိုင်မုန့်တီဟာမြန်မာပြည်မှာ လူသိများတဲ့ အစားစာတစ်ခုပါ။ အိမ်မှာပဲ လွယ်လွယ်ကူကူနဲ့ ချက်ပြုတ်ရလွယ်သလိုအကုန်အကျကလည်း အရမ်းကြီး မများပါဘူး။ ကဲ… ဒီတစ်ခါမှာတော့ လူတိုင်းကြိုက်တဲ့ ရခိုင်မုန့်တီလုပ်နည်းလေးကိုမျှဝေသွားမှာဖြစ်ပါတယ်။ ကိုယ့်ရဲ့ အိမ်မှာ မိသားစု (သို့) သူငယ်ချင်းတွေနှင့် အတူတူအရသာရှိတဲ့ ရခိုင်မုန့်တီ လုပ်စားချင်ရင်တော့ ဒီနည်းလေးအတိုင်း လိုက်လုပ်ကြည့်ပါလို့အကြံပြုပါရစေ။

ရခိုင်မုန့်တီ လုပ်နည်းကို မပြောခင် အရင်ဆုံး လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကမုန့်ဖက်၊ ငါး ၊ ကြက်သွန်ဖြူ ၊ ငရုတ်သီးစိမ်း ၊ ငရုတ်ကောင်း ၊ဂျင်း နှင့် ငါးပြာရည်တို့ဖြစ်ပါတယ်။
ကဲ… ဒါဆိုရင် အာပူလျှာပူ မုန့်တီဟင်းရည်ရဖို့ စချက်လိုက်ကြရအောင်.....

(၁) မိမိဝယ်ယူလာတဲ့ ငါးကို ရေသန့်စင်အောင်ဆေးပြီး ဆား ၊ နနွင်းနှင့် ရေအနည်းငယ်ထည့်ပြီး ပြုတ်ပေးထားပါ။

(၂) ပြုတ်ထားတဲ့ ငါးတွေ ကျက်သွားပြီဆိုရင် သေချာဆယ်ယူပြီးအရိုးတွေ မပါအောင်နွှင်ပါ။ ပြီးနောက် ရလာတဲ့ ငါးသားတွေကို ဂျင်း၊ကြက်သွန်ဖြူ နှင့်ဆီအနည်းငယ်ထည့်ပြီး ဆီသတ်ပေးပါ။

ဆီသတ်ပြီးပြီဆိုရင် စောစောက ငါးပြုတ်ရည်နှင့် ရေအတော်အသင့်ထည့်ပြီးပွတ်ပွတ်ဆူလာတဲ့အထိ စောင့်ရပါမယ်။ ရေက ဆူလာပြီဆိုရင် ငါးပြာရည်နှင့် ငရုတ်ကောင်းမှုတ်ကိုထည်းပြီးအပေါ့အငံမြည်းလိုက်ပါ။ အစပ်လိုသေးရင်တော့ ငရုတ်သီးလေးနည်းနည်းလောက်ထောင်းထည့်လို့ရပါတယ်။ကဲ…ဒါဆိုရင် ရှုးရှုးရှဲရှဲ အရသာရှိတဲ့ ရခိုင်မုန့်တီကို စားလို့ရပါပြီ။ ပိုပြီးကောင်းကောင်းလေးစားချင်ရင်တော့ ငါးဖယ်ကြော် ၊ အကြော်စုံနဲ့တွဲဖက်စားသုံးနိုင်ပါတယ်။
သတင်း အရင်းအမြစ်៖
Source - ZinGyi