
ဘဲဥကို မင်မင်က ကြော်စား၊ပြုတ်စားတာထက် မန်ကျည်ရည်လေးနှင့် မဆာလာလေးခပ်ပြီး ချက်စားရတာက ပိုပြီးကြိုက်တယ်။ မကြာခဏလည်းချက်စားဖြစ်တယ်။ ဒီတော့ ဒီတစ်ခါမှာ မင်မင်ကြိုက်တဲ့ ဘဲဥချဉ်ရည်ဟင်းကို အရသာရှိရှိနဲ့အလွယ်ဆုံးနှင့် အမြန်ဆုံး ဘယ်လိုချက်ရလဲဆိုတာကို မျှဝေပေးပါမှာ ဖြစ်ပါတယ်။

အရသာရှိတဲ့ ဘဲဥချဉ်ရည်ဟင်းချက်နည်းမပြောခင်မှာ အရင်ဆုံး လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကို ပြောပြပါမယ်။

(၁) ဘဲဥ
(၂) မန်ကျည်းသီးမှည့်
(၃) ကြက်သွန်(အဖြူ/အနီ)
(၄) ဟင်းခပ်မဆာလာ

ချက်နည်းအဆင့်ဆင့်.......
ဘဲဥကိုအရင်ဆုံးပြုတ်ပြီးအခွံခွာထားပေးပါ။ ကိုယ်က အလုံးတိုင်းစားချင်ရင်တော့ မခြမ်းပါနဲ့။ ပြီးရင် ကြက်သွန်(အဖြူ/အနီ)နှင့် ငရုတ်ကိုရောပြီးထောင်းတာကို ဆီသတ်ပါ။ ဆီသတ်ပြီး အရောင်ပြောင်းလာရင် စောစောက အခွံခွာထားတဲ့ဘဲဥတွေကို ထည့်ပြီး အနည်းနည်းမွေပေးပါ။ ပြီးရင်တော့ မန်ကျည်းရည်ထည့် အချို/အငန် ထည့်ပြီးပွတ်ပွတ်ဆူလာတဲ့အထိ ချက်ပြုတ်ပေးပါ။ မဆာလာကတော့ ဟင်းအိုးမချခင် ထည့်ရမှာပါ။ ကဲ…ဒါဆိုရင်အရမ်းအရသာရှိတဲ့ ဘဲဥချဥ်ရည်ဟင်း စားလို့ရပါပြီနော်…။
သတင်း အရင်းအမြစ်៖
Source – ZinGyi