
ကြက်ဟင်းခါးသီးက အခါးဓာတ်ပမာဏများတာကြောင့် ကြိုက်ကြတဲ့သူနည်းပါတယ်။ ကြက်ဟင်းသီးကို စားချင်ပေမယ့် ခါးမှာလည်းကြောက်တဲ့ သူတွေအတွက် ဒီတစ်ခါမှာအခါးသက်သာအောင် ဘယ်လိုကြော်ချက်ရမလဲဆိုတာကို မျှဝေသွားမှာ ဖြစ်ပါတယ်။

ကြက်ဟင်းခါးသီးကို မခါးအောင် ကြော်မယ်ဆိုရင် အရင်ဦးဆုံး ကြက်ဟင်းခါးသီးကိုခပ်ပါးပါးလေးတွေလှီးကာ ဆားနှင့် နယ်ပြီး ၁၅ မိနစ်လောက် နှပ်ပေးထားရပါမယ်။ ထို့နောက်နှပ်ထားတဲ့ ကြက်ဟင်းခါးသီးတွေကို ရေ ၅ ခါ ၊ ၆ ခါ လောက် ဆေးကြောပြီး အရေမကျန်အောင်ညှစ်ထုတ်ပါ။

ကြက်ဟင်းခါးသီး မကြော်ခင်မှာ လိုအပ်တဲ့ ကြက်သွန်(ဖြူ/နီ)တို့ကို ထောင်းထားပြီး အရသာပိုရှိအောင် ပုစွန်ခြောက်ကို ရေစိမ်ပေးထားရပါမယ်။ စပြီးကြော်တော့မယ်ဆိုရင်ကြက်သွန်(ဖြူ/နီ) တို့ကို ဆီခပ်များများနှင့် ဆီသတ်ပြီး ပုစွန်ခြောက်နှင့် ကြက်ဟင်းခါးသီးကိုထည့်ကြော်ပေးပါ။

သတိထားရမှာက ကြက်ဟင်းခါးသီးကို ဆီနှင့်ပဲ အိသွားအောင် ကြော်ရမှာပါ။ ရေထည့်မကြော်ရန်မလိုပါ။
ကြက်ဟင်းခါးသီးကိုဆီနှင့်ပဲ ကြော်ပြီး နူးအိလာပြီဆိုရင်တော့ အိုးချလို့ရပါပြီ။ ကဲ… ဒါဆိုရင်အရမ်းကြီးမခါးတဲ့ နူးနူးအိအိ အရသာရှိတဲ့ ကြက်ဟင်းခါးသီးဟင်းတစ်ခွက်ကိုစားသုံးလို့ရပါပြီနော်….။
သတင်း အရင်းအမြစ်៖
Source – ZinGyi