
ရခိုင်အစားစာတွေကိုချစ်မြတ်နိုးကြိုက်နှစ်သတ်သူတွေကတော့ ရခိုင်ထမင်းသုပ်နဲ့ မစိမ်းကြဘူးလို့ ထင်ပါတယ်။အရသာလည်းရှိပြီး လုပ်ရတာလည်း လွယ်ကူလို့ မင်မင်ကတော့ ဟင်းမစားချင်တဲ့ခါ ရခိုင်ထမင်းသုပ်ကိုလုပ်စားဖြစ်ပါတယ်။
ဒီတော့ မင်မင်လုပ်စားဖြစ်တဲ့ ရခိုင်ထမင်းသုပ် လုပ်ပုံလုပ်နည်းလေးကို အခုတစ်ခါမှာ ပြန်လည်မျှဝေသွားမှာဖြစ်ပါတယ်။

လုပ်နည်းကိုမပြောခင်မှာ လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေက
(၁) ထမင်းဖြူ
(၂) ငရုတ်သီးစိမ်းအနည်းငယ်
(၃) မျှင်ငါးပိ
(၄) အသင့်စားမြေပဲ
(၅) သခွားသီး
(၆) ခရမ်းချဉ်သီးနှင့် နံနံပင် တို့ဖြစ်ပါတယ်။

ပြုလုပ်နည်း…………………………
အရင်ဆုံးငရုတ်သီးစိမ်းကို ပြုတ်ပြီး မျှငါးပိဖြင့် ရောပြီးထောင်းပေးပါ။ ပြီးရင် ထောင်းထားတဲ့ငရုတ်သီး၊ ထမင်းဖြူ ၊ ဆီအနည်းငယ် နှင့် မိမိကြိုက်နှစ်သက်သလောက် အချိုအငန်အားလုံးထည့်ပြီးနှံ့အောင်နယ်လိုက်ပါ။

မြေပဲ ၊ သခွာသီး ၊ ခရမ်းချည် နှင့် နံနံပင် တို့ကိုတော့ မိမိစားတော့မယ့်အချိန်မှာအပေါ်ကနေ အလှဆင်ပြီး ကြိုက်နှစ်သက်သလို သုံးဆောင်လို့ရပါပြီ။ ကဲ.. ရိုးရှင်းလွယ်ကူတဲ့ရခိုင်ထမင်းသုပ်နည်းကို သိပြီဆိုတော့ အခုပဲ သုပ်စားကြည့်လိုက်ပါနော်..။
သတင်း အရင်းအမြစ်៖
Source – ZinGyi