
ကိုယ်တွေ မြန်မာလူမျိုးတွေက ဟင်းမပါရင်တောင် ငါးငပိချက်လေးကောင်းကောင်းတစ်ခွက်ရှိရင်တောင် ပြီးပြည့်စုံပါတယ်။ အတို့အမြုတ်လေး စုံစုံလင်လင်၊ ရေနွေးကြမ်းနဲ့သောက်စားလိုက်ရင် ထမင်းပိုပြီးလို့တောင် စားကောင်းပေခြင်း။ ဒီတစ်ခါမှာ အရသာရှိပြီးထမင်းမြိန်စေမယ့် ငါးငပိချက် ကောင်းကောင်းတစ်ခွက်ရအောင် ဘယ်လိုချက်ရမလဲဆိုတာကို ပြောပြပေးသွားမှာဖြစ်ပါတယ်။

ချက်နည်းကို မပြောခင်မှာ အရင်ဆုံး ပါဝင်ပစ္စည်းတွေကို ပြောပြပါမယ်..
(၁) ငါးကြင်း
(၂) ငါးငပိ
(၃) ကြက်သွန်ဖြူ / နီ / ငရုတ်သီးစိမ်း
(၄) ဆား / ဆနွင်းမှုန့်

ပြုလုပ်နည်း………….
အရင်ဆုံး ငါးကြင်းကို ရေစင်အောင် ဆေးကြောပြီး ဆား /ဆနွင်းမှုန့် ထည့်ပီးပြုတ်ထားပါ။ အဆိုပါ ပြုတ်ထားတဲ့ ငါး ကျက်သွားပီဆိုရင်တော့ဆယ်ပြီး အသားနွှင်ထားပါ။
ငါးကိုင်လို့ ပြီးရင်ငါးငပိကိုလည်း နနွင်းမှုန့် နှင့် ခပ်ပျစ်ပျစ်လေးကျိုထားပေးပြီးကျက်တဲ့အခါမှာ ငပိရည်ကိုအရိုးမပါအောင်စစ်ထားရပါမယ်။ပြီးရင် ကြက်သွန်ဖြူ / နီ / ငရုတ်သီးစိမ်း တို့ကို မီးကင် (သို့) လှော်ပြီး ထောင်းထားပါ။

ဒါတွေအားလုံးလုပ်ပြီးပြီဆိုရင်တော့ ဒယ်အိုးထဲ ဆီအနည်းငယ်ထည့်ပြီး အသားနွှင်ထားသောငါး ၊ ထောင်းထားတဲ့ ကြက်သွန်ဖြူ/ နီ / ငရုတ်သီးစိမ်း တို့ကိုထည့်ပီး ဆီသတ်ပါ။ ဆီသတ်ပြီးရင်တော့ ငပိရည်ကြိုထည့်ပြီး ပွတ်ပွတ်ဆူလာတဲ့အထိချက်ပေးပါ။ ဆီအနည်းငယ်ပြန်လာပီဆိုရင် အိုးချလို့ရပါပြီ။ ကဲ…ဒါဆိုရင် အရမ်းကိုအရသာရှိစေမယ့် ငါးငပိချက်ကို ကောင်းကောင်းတစ်ခွက်ကို စားလုံ့ရပါပြီ။
သတင်း အရင်းအမြစ်៖
Source- Zin Gyi