
လူတော်တော်များများကတော့ငါးသလောက်ပေါင်းတတ်ကြပါတယ်။ ဒါပေမယ့် အချို့ အိမ်ရှင်တွေအတွက်တော့ စိန်ခေါ်မှုတစ်ခုဖြစ်နေခဲ့ပါတယ်။ငါးသလောက်ပေါင်းနည်းဟာ တစ်ယောက်နှင့်တစ်ယောက် အချိန်အဆနှင့် အယူအဆတွေကွဲလွဲကြတာတွေ့ရပါတယ်။ဒီတစ်ခါမှာ မင်မင်က လွယ်ကူသက်သာတဲ့ ငါးသလောက် ပေါင်းနည်းလေးကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။

လိုအပ်တဲ့ ပစ္စည်းများ…
(၁) ငါးသလောက်
(၂) စပါးလင် ၊ ဂျင်း
(၃) ကြက်သွန်နီ/ဖြူ (အနှစ်များချင်ရင်ကြက်သွန်နီများများသုံးပါ)
(၄) ရှာလကာရည် (တချို့က ရှောက်သီး(သို့) lemon ကိုသုံးပါတယ်)
(၅) ငါးပြာရည်

လုပ်နည်းအဆင့်ဆင့်
အရင်ဆုံး ငါးသလောက်ကို ကိုင်ပြီးအနေတော်လေးတွေ တုံးပါ။ ပြီးလျှင် ရှာလကာရည် (သို့) ရှောက်သီး (သို့) lemon ညှစ်ထည့်၊နနွင်းမှုန့် ၊ ငါးပြာရည် ၊ ဆား ၊အချိုမှုန့် တို့ထည့်ပြီး ငါးနှင့်ရောနယ်ပါ။ နယ်ပြီးသွားရင်တော့အနည်းဆုံး ၄ - ၅ နာရီလောက် နှပ်ထားရပါမယ်။ ဒါမှ အချဉ်အရသာဟာ အသားထဲဝင်ပြီး စားလိုက်ရင်သိပ်မအီတော့မှာဖြစ်သလို အရိုးတွေလည်း နူးအိသွားမှာ ဖြစ်ပါတယ်။

ပြီးလျှင် ဂျင်း၊ စပါးလင်နှင့် ကြက်သွန်ဖြူတို့ကို ထောင်းထားပါ။ အားလုံးပြီးပြီဆိုရင်တော့ စပေါင်းလို့ရပါပြီ။ကဲ… စပေါင်းတော့မယ်ဆိုရင်ကိုယ်ပေါင်းမည့် အိုးအောက်ခြေမှာ ငါးမကပ်အောင် စပါးလင် ခင်းထားပြီး ငါးထည့်ပါ။ ပြီးလျှင်အသင့် ထောင်းထားတဲ့ ဂျင်း ၊စပါးလင် နှင့် ကြက်သွန်ဖြူ တို့ကို ထည့် ၊ ဆီထည့်ပြီး ပေါင်းပါ။ကြက်သွန်နီကတော့ ပေါင်းပြီး မိနစ် ၃၀ လောက်ကြာမှ ထည့်ရပါမယ်။

ပြီးလျှင် နောက်ထပ် မိနစ်၃၀ ထပ်ပေါင်း လိုက်ပါ ။ ကြက်သွန်နီ ဥလေးတွေပုံမပျက်ဘဲအိလာပြီ၊ အရိုးလည်း နူးလာပြီဆိုရင်တော့ တကယ့်ကို အရသာရှိတဲ့ ငါးသလောက်ပေါင်းကို သုံးဆောင်လို့ရပါပြီ။
သတင်း အရင်းအမြစ်៖
Source- Zin Gyi