ကောက်ညှင်းပြန်ပေါင်း ပြုလုပ်နည်း
mmload.com
|
2023-10-26

မနက်စောစောကောက်ညှင်းပြန်ပေါင်းပူပူလေးနှင့် ငါးကြော်လေး စားလိုက်ရရင် ဘယ်လောက်ကောင်းလိုက်မလဲ။အမြဲတမ်း ဆိုင်မှာပဲ အခုထိ သွားဝယ်စားနေတုန်းဆိုရင် မင်မင်က အိမ်မှာ အလွယ်တကူ ကောက်ညှင်းပြန်ပေါင်းလုပ်နည်းလေးကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။


ပါဝင်ပစ္စည်းများ…

(၁) ကောက်ညှင်း

(၂) အုန်းသီး

(၃) အုန်းနို့

(၄) နှမ်း၊ သကြား နှင့် ဆား တို့ဖြစ်ပါတယ်။


ပြုလုပ်ပုံအဆင့်ဆင့်

(၁) ပထမဆုံးကောက်ညှင်းကို တစ်ရက်ကြိုပြီးရေစိမ်ထားပါ။ ပြီးလျှင် ပေါင်းမယ့် အိုးထဲမှာ သကြားအနည်းငယ်၊ ဆားအနည်းငယ်၊ အုန်းနို့ရည် နှင့် ရေ ထည့်ပြီးမွှေပါ။ မွှေပြီးသွားရင် ကောက်ညှင်းထည့်ပြီး ချက်ပေးပါ။


(၂) အုန်းနို့နှင့်ဆန်ပျစ်လာရင် ကောက်ညှင်းကိုအသာလေးမွှေပေးပါ။ ပြီးနောက်ပြန်ပေါင်းလိုက်ပါ။နယ်ဘက်တွေမှာတော့ မြေပေါင်းအိုးတွေကိုအသုံးပြုကြပါတယ်။ မြေပေါင်းအိုးမရှိရင်တော့ လျှပ်စစ်ပေါင်းအိုးထဲ ရေထည့်ပြီး ဇကာဖြင့်ပေါင်းလို့ရပါတယ်။ ပေါင်းနေစဉ်မှာ နှမ်းနှင့်ဆားကို ထောင်းထားပါ။ ကောက်ညှင်းနပ်ပြီဆိုရင်တော့အုန်းသီးမှုန့်လေးဖြူးပြီးစားသုံးလို့ရပါပြီ။ ကိုယ့်အိမ်မှာ အလှူအတန်းလုပ်တာပဲဖြစ်ဖြစ် မိသားစုကို လုပ်ကျွေးတာပဲဖြစ်ဖြစ် ဒီနည်းအတိုင်းလုပ်ကြည့်ကြပါနော်…။

သတင်း အရင်းအမြစ်៖

Source – ZinGyi



Some text some message..