သီးစုံထမင်းကြော် မွှေးမွှေးလေးကြော်စားရအောင်
mmload.com
|
2023-11-10

နေ့တိုင်းထမင်းကိုအသားငါးနဲ့စားရတာငြီးငွေ့နေပြီလား။ ဒီတစ်ခါတော့ ထမင်းကို အသားငါးနဲ့မဟုတ်ဘဲ အသီးအရွက်လေးနဲ့ကြော်စားကြည့်ရအောင်။


သီးစုံထမင်းကြော်ဖို့အတွက်ပထမဆုံးထမင်းအေးအေးတစ်ပန်းကန်ကိုဆား၊ အရသာမှုန့်၊ ပဲငံပြာရည်ထည့်ကာခပ်ဖွဖွချေပြီးမိနစ်အနည်းငယ်ထားပါ။ ဗိုလ်စားပဲ၊ ပန်ဂေါ်ဖီ၊ မုန်လာဥနီ တို့ကို ရေစင်အောင်ဆေးပြီးအတုံး ခပ်သေးသေးတုံးပါ။ ကြက်အူချောင်းကိုလည်း အနေတော် အဝိုင်းလေးများလှီးဖြတ်ပါ။ပြီးရင်တော့ ကြက်ဥတစ်လုံးကို ပန်ကန်တစ်ချပ်မှာဖောက်ထည့်ပြီး  ဆား၊ အရသာမှုန့်တို့နဲ့ အကာအနှစ်သမအောင်ခေါက်ထားပါ။ 


ကြက်သွန်ဖြူကိုဓားပြားရိုက်၍နူတ်နူတ်စင်းထားပါ။ ပြီးရင်တော့ ဒယ်အိုးပူပူမှာ ကြက်သွန်ဖြူမွှေးလာသည် အထိဆီသတ်ပါ။  ကြက်သွန်ဖြူများကြွပ်ကာအနံ့မွှေးလာပါက ခေါက်ထားသောကြက်ဥထည့်ကာ ကြေအောင်မွှေပါ။ပြီးနောက်အတုံးငယ်များတုံးထားတဲ့ အသီးများထည့်ကာနွမ်းလာသည်အထိကြော်ပေးပါ။ အသီးများနွမ်းလာပါကကြက်အူချောင်းထည့်ကာအချိန်ခဏမျှမွှေပြီး အရသာနယ်ထားသောထမင်းကိုပဲငံပြာရည်အနောက်အနည်းငယ်ထည့်ကာ ကြော်ပေးပါ။ အနံ့မွှေးကာထမင်းတို့ အိလာပါကအရသာမြည်းကာ ကြက်သွန်မြိတ်ဖြူး ၍ သုံးဆောင်နိုင်ပါပြီ။




Some text some message..