စမူဆာချဉ်စပ်လေးသုပ်စားကြမယ်
mmload.com
|
2023-11-15

စမူဆာသုပ်ကို ဆိုင်မှာဝယ်စားကြတဲ့အခါ စားလို့ကောင်းပေမယ့် ဝအောင်တော့ မစားရဘူး မဟုတ်လား။ ဒီတစ်ခါတော့ ဆမူဆာသုပ်ကိုကုန်ကျစရိတ်နဲနဲ နဲ့ အိမ်မှာ အဝသုပ်စားကြရအောင်  စမူဆာသုပ်နည်းလေးပြောပြမယ်နော်။  

ပါဝင်ပစ္စည်းတွေကတော့-

ဆမူဆာ

ကြက်သွန် ဖြူ/နီ

ခရမ်းချဉ်သီး

ပါးပါးခြစ်ထားသောဂေါ်ဖီထုပ်အနည်းငယ်။

ငရုပ်သီး/ ပူစီနံ တို့ပဲဖြစ်ပါတယ်။


 ကြက်သွန်နီကိုပါးပါးလှီးထားပါ ခရမ်းချဉ်သီးကို နုတ်နုတ်ကိုက်ထားပါ  ပူစီနံနဲ့ ငရုပ်သီးကိုလည်းနုတ်နုတ် လှီးထားပါ  ကြက်သွန်ဖြူကို ဓားပြားရိုက်ကာ ကြက်သွန်ဖြူဆီချက် အနည်းငယ်ချက် ထားပါ။


ပြီးလျှင်တော့ စမူဆာကိုအနေတော်ကိုက်ဖြတ်ကာ ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ ပါးပါး ခြစ် ထားသော ဂေါ်ဖီ၊ငရုပ်သီး၊ပူစီနံ တို့နဲ့ အတူ ဇလုံ  တစ်လုံး မှာထည့်ပါ။ ပြီးနောက် ဆီချက်ဆမ်းကာ ဆား၊ အရသာမှုန့် ၊ ပဲငံပြာရည်တို့ထည့်ကာ ခပ်ဖွဖွနယ်ပါ။(စမူဆာက ဆီကြော်ဖြစ်တာကြောင့် ဆီအများကြီး သုံးစရာ မလိုပါဘူးနော်) ပြီးလျှင်တော့ အရသာ အပေါ့အငံ မြည်းကာ အချဉ်ကြိုက် ပါက သံပုရာသီးဆမ်းကာပူဆီနံဖြူး၍ သုံးဆောင်နိုင်ပါပြီ။




Some text some message..