Chinese style အမဲသားငရုပ်ပွလေး ကြော်စားမယ်
mmload.com
|
2023-11-21

ဒီတစ်ခါတော့ အမဲသားကြိုက်တဲ့သူတွေရှိလား။အမဲသားကြိုက်ပေမယ် ချက်ရတာကြာ လို့မစား မစားဖြစ်တဲ့သူတွေကောရှိတယ်မဟုတ်လား။ ဒီတစ်ခါ အမဲသားကို Chinese style  ငရုပ်ပွလေးနဲ့ ကြော်စား ကြရအောင် ကြော်နည်းလေးပြောပြမယ်နော်။  အရသာရှိပြီးအချိန်အများကြီးမပေးရလို့ အတူကြော်စားကြည့်ရအောင်နော်။


ပါဝင်ပစ္စည်းတွေကတော့ -

အမဲသား

ကြက်ဥ /ပြောင်းကော်မှုန့် /ငရုပ်ပွ အနီ/ အစိမ်း/ကြက်သွန်မြိတ်/ နံနံပင်

ကြက်သွန်ဖြူ /ဂျင်း/ငရုပ်သီးစိမ်း တို့ပဲဖြစ်ပါတယ်။

ပထမနေနဲ့ အမဲသားကို ပါးပါးလွှာထားပါ ပြီးနောက် ဆား၊အရသာမှုန့် ပဲငံပြာရည် တို့ထည့်ကာ မိနစ်အနည်းငယ်ခန်နှပ်ထားပါ။ကြက်သွန်ဖြူကို အခွံနွာပြီး ထားပြားရိုက်ထားပါ ဂျင်းကို ရေစင်အောင်ဆေးပြီး ခပ်ပါးပါးလှီးထားပါ   ငရုပ်ပွကိုလည်း အနေတော်အတုံးများလှီးဖြတ်ထားပါ။ ကြက်သွန်မြိတ် နဲ့နံနံပင်ကိုလည်း နုတ်နုတ် ကိုက်ထားပါ။


နှပ်ထားသော အမဲသားထဲသို့ကြက်ဥ ၊ ပြောင်းကော်မှုန့် တို့ထည့်ကာ ကြက်သွန်ဖြူ ၊ ငရုပ်ပွအနည်းငယ်၊ငရုပ်သီးစိမ်း အနည်းငယ်ထည့်ကာ အမဲသားတို့ ရဲလာသည်အထိကြော် ကာဆယ်ယူထားပါ။ပြီးနောက်ကြက်သွန်ဖြူ နဲ့ ဂျင်း ကိုဆီသတ်ကာ လှီးဖြတ်ထားသော ငရုပ်ပွ ကို ထည့်ကာဆား၊ အရသာမှုန့် ၊ ပဲငံပြာရည်၊ ခရုဆီ၊ဟင်းချက် အရက်၊ ငရုပ်သီးတို့ထည့်ကာ မိနစ်အနည်းငယ်ကြော်ပါ  ပြောင်းကော်မှုန့် အနည်းငယ်ကိုရေဖျော်ထည့်ကာမိနစ်အနည်းငယ် မွှေပြီးနောက် ကြော်ထားသော အမဲသားတို့ထည့်ကာအထက်အောက်မွှေပေးပြီး အရသာမြည်းကာ နံနံပင်၊ ကြက်သွန်မြိတ်တို့ဖြူးကာစားသုံးနိုင်ပါပြီ။




Some text some message..