မှိုငရုပ်ပွအစပ်ကြော်လေး ကြော်စားရအောင်
mmload.com
|
2023-11-21

မှိုကိုမှိုငရုပ်သီးထောင်း၊ မှိုကန်စွန်း၊ မှိုအစပ်ချက် စသဖြင့်မျိုးစုံချက်စားလေ့ရှိပါတယ်။ ဒီတစ်ခါတော့ မှိုကို ငရုပ်ပွလေးနဲ့ငရုပ်သီးစိမ်းလေးရောပြီး အစပ်ကြော်လေးကြော်စားကြရအောင်

အရသာရှိပြီးပါဝင်ပစ္စည်းမများတဲ့ အတွက်အတူချက်စာကြရအောင်‌ချက်နည်းလေးပြောပြပါမယ်နော်။

အဓိကပါဝင်ပစ္စည်းတွေကတော့-

မှို/ငရုပ်ပွ အစိမ်း/အနီ/ငရုပ်သီးစိမ်း

ကြက်သွန်ဖြူ/နီ/နံနံပင်တို့ပဲဖြစ်ပါတယ်


 မှိုကို ရေစင်အောင်ဆေးပြီး လေးစိတ် (သို့) ငါးစိတ် စိတ်ထားပါ ပြီးနောက် ငရုပ်ပွကိုရေဆေးကာ အတုံးငယ်သော်လည်ကောင်း၊ အချောင်းလိုက်သော်လည်ကောင်လှီးဖြတ်ထားပါ။ကြက်သွန်နီ ကိုလည်း အတုံးခပ်ငယ်ငယ် တုံးထားပါ။ ကြက်သွန်ဖြူကိုလည်းနုတ်နုတ်စိတ်ထားပါ။ ငရုပ်သီစိမ်းကို ပါးပါးလှီးထားပါ။ နံနံပင်ကိုလည်း ကတ်ကြေး ဖြင့်နုတ်နုတ်ကိုက်ထားပါ


ဒုတိယအနေနဲ့ဒယ်အိုးတွင်ဆီအနည်းငယ်ထည့်ပြီးဆီပူလာပါက လေးစိတ်စိတ်ထား‌သော မှိုကိုထည့်ကာမှိုများရဲသည်အထိကြော်ပါ မှိုများရဲလာပါက အတုံးငယ်များတုံးထားသော ကြက်သွန်နီများထည့်ကာရောကြော်ပါ။ကြက်သွန်နီများနွမ်းလာပါက ငရုပ်ပွ နှင့် ငရုပ်သီးစိမ်းကိုထည့်ကြော်ပါ။ ပြီးနောက် နုတ်နုတ်စင်းထားသော ကြက်သွန်ဖြူ ဖြူးကာ ဆား၊ အရသာမှုန့်၊ပဲငံပြာရည်၊ ဆောစ့်အချို၊ ရှာလကာရည် အနည်းငယ် တို့ ထည့်ကာ မှို နဲ့ကြက်သွန်နီ၊ငရုပ်ပွတို့ နွမ်းလာသည်အထိ ကြော်ပေးပါ။ မှို၊ငရုပ်ပွတို့နွမ်းလာပါကအရသာမြည်းပြီး နံနံပင်အုပ်ကာ သုံးဆောင်နိုင်ပါပြီ။




Some text some message..