
ဒီတစ်ခါတော့ ကြက်ဟင်းခါးသီးကိုကြက်ဥလေးနဲ့ ခါးဆိမ့်ဆိမ့် လေးကြော်စားကြမယ်။တချို့မြန်မာလူမျိုးတွေကတော့ ကြက်ဟင်းခါးသီး နဲ့ ကြက်ဥ ကိုတွဲ မ စားသော်လည်းတရုတ်နိုင်ငံမှာတော့ တွင်တွင်ကျယ်ကျယ်စားသုံးနေလို့ ချက်နည်းလေးပြောပြမယ်နော်။

ပါဝင်ပစ္စည်းတွေကတော့-
ကြက်ဟင်းခါးသီး
ကြက်ဥ
ငရုပ်သီး
ကြက်သွန်ဖြူ/နီ
ကြက်သွန်မြိတ် (နုတ်နုတ်ကိုက်ထားပါ) တို့ပဲဖြစ်ပါတယ်။

ပထမအနေနဲ့ ကြက်ဟင်းခါးသီးကိုရေစင်အောင်ဆေးပြီး အတွင်းအစေ့တွေကို ဓားဖြင့် နွင်ကာ ထုတ်ထားပါ။ ပြီးနောက်ပါးပါးလှီးကာ ဆား၊ သကြား အနည်းငယ်နဲ့ နှံ့အောင် ခပ်ဖွဖွနယ်ကာ နာရီဝက်ခန့် ထားပြီးရေစင်အောင်ဆေကာစစ်ထားပါ။ ပြီနောက် ကြက်ဥကို ပန်းကန်တစ်လုံးတွင်ဖောက်ထည့်ကာ ဆားအနည်းငယ်ထည့်ပြီးသမအောင်ခေါက်ထားပါ။ ကြက်သွန်ဖြူ/နီကို ပါးပါးလှီးထားပါ။
ဒုတိယအနေနဲ့ကြက်သွန်ဖြူ/နီကိုဆီသတ်ပါ။ ရေစစ်ထားသောကြက်ဟင်းခါးသီး နှင့် ကြက်ဥကိုထည့်ကာမွှေပေးပါ။ ကြက်ဟင်းခါးသီး အိ ပါက ဆား၊ အရသာမှုန့်၊ ပဲငံပြာရည်၊ ခရုဆီ၊သကြား၊ကော်မှုန့် အနည်းငယ် နဲ့ ရေအနည်းငယ် ထည့်ကာ မွှေပေးပါ။ ကြက်ဥတို့ကျက်ကာကြက်ဟင်းခါးသီးတို့နူးပါက ငရုပ်သီး ကိုက်ထည့်ကာ အဖုံးအုပ်ထားပေးပါ။ပြီးနောက်အရသာအပေါ့အငံမြည်းကာ ကြက်သွန်မြိတ်ဖြူး ပြီးပါက အရသာရှိသောကြက်ဟင်းခါးသီးကြက်ဥကြော်ခါးဆိမ့်ဆိမ့်လေးရပါပြီ။