ဒီတစ်ခါတော့ မနက်စာအနေနဲ့ဖြစ်ဖြစ် သရေစာအနေနဲ့ ပဲဖြစ်ဖြစ်လုပ်စာလို့ ရတဲ့ပေါင်မုန့် ငှက်ပျောလိပ် လေးလုပ်စားကြမယ်၊ လုပ်ရတာလွယ်ကူပြီး ပါဝင်ပစ္စည်းမများဘဲအာဟာရဖြစ်စေလို့ အတူလုပ်စားကြည့်ကြမယ်နော်။ လုပ်နည်းမပြောခင် ထုံးစံအတိုင်းပါဝင်ပစ္စည်းတွေကတော့-

ပေါင်မုန့်
ကြက်ဥ/သကြားအနည်းငယ်
ထောပတ်ဆီ/ငှက်ပျောသီး တို့ပဲဖြစ်ပါတယ်
-ပေါင်မုန့်ကို ဘေးသားအမာများ ဖြတ်ကာ လှိမ့်တံ (သို့) ပိုက်ဖြင့် ပါးပါးဖြစ်အောင်လိမ့်ထားပါ
-ငှက်ပျောသီးကို ပါးပါးလှီးကာ သကြား၊ ဆားအနည်းငယ်ထည့်ကာဇွန်းဖြင့် အနည်းငယ်ကြေအောင်
ချေထားပါ

-ကြက်ဥကို လည်း ပန်ကန်တစ်လုံးတွင်း ဆား အနည်းငယ် သကြား(အချိုလိုသလောက်)ထည့်ကာ သကြားတို့ ကျေအောင်ခေါက်ထားပါ
-ပြားအောင်လှိမ့်ထားသော ပေါင်မုန့်များထဲသို့ ကြေအောင်ချေထားသောငှက်ပျောသီးတို့ကို ထည့်ကာ လိပ်ပေးပါ
-ဒယ်အိုးကို ထောပတ်ဆီ အနည်းငယ်ထည့်ကာ အပူပေးပြီး ငှက်ပျောသီးတို့ထည့်ကာလိပ်ထားသော ပေါင်မုန့် ကို ထည့်ကာမျက်နှာပြင်တို့ရဲလာအောင် တစ်ဖက်ချင်းမကြာခဏလှန်ကာကြော်ပေးပါ။ ပေါင်မုန့်တို့ ရွှေရောင်သန်းကာ အနေတော်ရဲလာပါက ဆယ်ယူကာနို့ဆီဆမ်း၍သော်လည်ကောင်း သကြားဖြူး ၍ သော်လည်ကောင်း စားသုံးလို့ရပါပြီ