ကြက်ဥ ပဲငံပြာရည်စိမ်လေးလုပ်စားမယ်
mmload.com
|
2024-01-08

 ကိုယ်တိုင်လဲကြက်ဥကို လုံးဝမကြိုက်ပါဘူး၊ ဒါပေမယ့်ကြက်ဥပဲငံပြာရည်စိမ် လေးလုပ်စားကြည့်လိုက်တာ အခုတော့ကြက်ဥစားရတာကြိုက်နေပြီ။ အဲ့တာကြောင့် အရသာ ရှိတဲ့ ကိုရီးယားစတိုင် ကြက်ဥပဲငံပြာရည်စိမ်လေး အတူလုပ်စားကြရအောင်လုပ်နည်းလေးပြောပြမယ် နော်


ပါဝင်ပစ္စည်းတွေကတော့-

ကြက်ဥ/ပဲငံပြာရည်အကြည်၊အနောက်

ကြက်သွန်မြိတ်၊ နံနံပင်/ကြက်သွန်ဖြူ၊ ငရုတ်သီး/နှမ်းဖြူ အနည်းငယ် တို့ပဲဖြစ်ပါတယ်


ကြက်ဥကို ဆားအနည်းငယ်၊ ရှာလကာရည် အနည်းငယ်ထည့် ကာ အနေတော်မကျက်တကျက် ပြုတ်ထားပြီး အခွံသင်ထားပါ။ ကြက်သွန်ဖြူ ၊ ငရုတ်သီးတို့ကို ထားဖြင့်ပါးပါးလှီးထားကာနံနံပင်၊ ကြက်သွန်မြိတ်တို့ကို ကတ်ကြေးဖြင့်နုတ်နုတ်ညှပ်ထားပါ။

အဖုံးအပိတ်ပါသော ဘူးတစ်ခုထဲသို့ ပဲငံပြာရည်အကြည် များများ နဲ့ ပဲငံပြာရည်အနောက်အနည်းငယ်၊ ရေအနေတော်၊ သကြားအနည်းငယ်၊ ရှာလကာရည်အနည်းငယ် ထည့်ပြီးသမအောင်မွှေထားပါ။ပဲငံပြာထဲသို့ ပါးပါးလှီးထားသော ကြက်သွန်ဖြူ၊ငရုတ်သီးစိမ်း၊နံနံပင်၊ ကြက်သွန်မြိတ် တို့ထည့် ပြီး ကြက်ဥနဲ့ နှမ်း အနည်းငယ် ထည့်ကာအဖုံးပိတ်ပြီးရေခဲသေတ္တာအောက်ဆင့်တွင်၁၀ နာရီခန့်ထည့်ပြီးပါက မိမိနှစ်သက်သလို သုံးဆောင်နိုင်ပါပြီ




Some text some message..