
မှိုဟင်းလို့ပြောလိုက်တာနဲ့ ခံတွင်းမြိန်စေလို့ မကြိုက်တဲ့သူမရှိသလောက်ရှားပါတယ်။ဒါပေမယ့်မှိုဟာ အရသာရှိပေမယ် အခန့်မသင့်ပါက အဆိပ်အတောက် ဖြစ်စေတတ်လို့ကန်စွန်းရွက်လေးနဲ့ ရောချက်လေ့ ရှိကြပါတယ်။ ဒီတစ်ခါတော့ အရသာရှိတဲ့မှိုကန်စွန်းမီးတောက် စပ်စပ်လေးချက်စားကြရအောင်
ပါဝင်ပစ္စည်းတွေကတော့-

မှို
ကန်စွန်းရွက်
ငရုပ်သီးကြော်ထောင်း/ခရမ်းချဉ်သီး /ငရုပ်သီး အစိမ်းများများ/ကြက်သွန်ဖြူ၊ နီ တို့ပဲဖြစ်ပါတယ်
ကန်စွန်းရွက်ကိုရေဆေးကာ အရိုးဖယ်ပြီး အရွက်များ၊ အညွန့်များကို သင်ထားကာ မှိုကို လဲ ရေစင်အောင် ဆေးပြီးအနေတော်များလှီးဖြတ်ထားပါ။ ကြက်သွန်ဖြူ၊ နီ၊ ငရုပ်သီး များများကို ညက်အောင်ထောင်းထားကာ ခရမ်းချဉ်သီးကို လည်း အနေတော် အတုံးများတုံးထားပါ

ကြက်သွန်ဖြူ၊နီ၊ငရုပ်သီးတို့ကို ဆီပူပူတွင် နနွင်းမှုန့် ၊ အရောင်မှုန့်အနည်းငယ်၊ ငရုပ်သီးကြော်ထောင်း ထည့်ကာ ဆီသတ်ပြီးကြက်သွန်နံ့သင်းလာပါက ခရမ်းချဉ်သီးကိုထည့်ပြီးဆီသတ်ကာ အနှစ်ကျပါက ငါးပိအနည်းငယ် ထည့်ကာ ငါးပိတို့ကြေအောင်ချေပါ။ ငါးပိတို့ကြေပါက မှို၊ အရသာမှုန့်၊ခရုဆီ၊ ပဲငံပြာရည် တို့ ထည့်ကာ မှိုတို့ အနေတော် အိသည်အထိကြော်ပြီးကန်စွန်းရွက်၊ငရုပ်သီးစိမ်းတို့ ထည့်ကာ မိနစ်အနည်းငယ် ခန့် အဖုံးအုပ်ထားပါ။ မှိုနဲ့ ကန်စွန်းတို့အိပါက အရသာရှိသော မှိုကန်စွန်းမီးတောက်လေး ရရှိပြီပဲဖြစ်ပါတယ်