ငါးရံ့ အူ ဆီပြန်စပ်စပ်လေး ချက်စားကြမယ်
mmload.com
|
2024-01-15

ငါးရံ့အူဟင်းလို့ကြားလိုက်တာနဲ့ စားဖူးသူတွေကတော့ တံတွေးမျိုချနေရပြီ မဟုတ်လား..? ငါးရံ့အူဟင်း ကိုကြိုက်တော့ ကြိုက်တယ် မချက်တက်ဖူးဆိုတဲ့သူတွေလဲရှိမယ်ထင် လို့ ဒီတစ်ခါတော့ငါးရံ့အူဟင်းဆီပြန် စပ်စပ်လေးချက်စားကြရအောင် ချက်နည်းလေးလာပြောတာပဲဖြစ်ပါတယ်


ပါဝင်ပစ္စည်းတွေကတော့-

ငါးရံ့အူ/ကြက်သွန်ဖြူ၊နီ၊ဂျင်း/ခရမ်းချဉ်သီးမှည့်/နံနံပင်/ငရုပ်သီးစိမ်း  တို့ပဲဖြစ်ပါတယ်

ငါးရံ့အူကို အညစ်အကြေးများပြောင်စင်စေရန် ရေများများဖြင့် အကြိမ်ကြိမ် ဆေးပြီးနောက်ဆုံးအကြိမ်တွင် ဆား၊ သံပုရာသီးတို့ဖြင့် နယ်ကာမိနစ်အနည်းငယ်နှပ်ထားပြီးရေစင်အောင်ဆေးကာ ရေစစ်ထားပါ။ ရေဆေးထားသော ငါးအူကို ဆား၊အရသာမှုန့်၊ ပဲငံပြာရည်တို့ဖြင့်နှပ်ထားကာ ကြက်သွန်ဖြူ၊နီ၊ ဂျင်းတို့ကိုညက်အောင်ထောင်းထားပါ... ခရမ်းချဉ်သီးမှည့်ကို အတုံးငယ်များတုံးထားပြီး နံနံပင် ၊ငရုပ်သီးစိမ်း တို့ကိုရေစင်အောင်ဆေးကာ ကတ်ကြေးဖြင့်နုတ်နုတ်ညှပ်ထားပါ


ထောင်းထာသော ကြက်သွန်ဖြူ၊နီ၊ဂျင်းတို့ကို ဆီများများဖြင့် ဆီသတ်ကာခရမ်းချဉ်သီးတို့ထည့်ကာ ခရမ်းချဉ်သီး အနှစ်ရသည်အထိချက်ပါ... ခရမ်းချဉ်သီးအနှစ်ကျပါကအရသာထည့်ထားသော ငါးအူ ၊ရေ နဲ့ ဆား၊အရသာမှုန့်၊ ပဲငံပြာရည်၊ ခရုဆီ တို့ထည့်ကာ  ရေခမ်းပြီးငါးအူတို့ ကျက်သည်အထိချက်ပေးပါ။ရေခမ်းကာ ငါးအူတို့ ကျက်ပါက ငရုပ်သီး နဲ့ နံနံပင်ဖြူးကာမိနစ်အနည်းငယ်အုပ်ထားပြီးပါကအရသာရှိသော ငါးအူ ဆီပြန်စပ်စပ်လေးရပြီပဲဖြစ်ပါတယ်




Some text some message..