မျက်စိနဲ့အာရုံကြောကို အားဖြည့်ပေးတဲ့ ဥနီသုပ်လေးသုပ်စားရအောင်
mmload.com
|
2024-01-24

အစာလဲဆေး၊ဆေးလဲအစာဆိုတဲ့ဆိုရိုးစကားအတိုင်းအစားအစာအများစုဟာလူတွေအတွက် ဆေးဖက်ဝင်တာ ကိုတွေ့ရပါတယ်။အခုတစ်ခါတော့ မျက်စိနဲ့ အာရုံကြောကိုများစွာအထောက်အကူဖြစ်ရုံသာအက အသားအရေအတွက်ပါကောင်တဲ့ ဥနီကိုကြော်မစားဘဲ ချဉ်စပ်လေးသုပ်စားရအောင်သုပ်နည်းလေးပြောပြပေးမှာပဲ ဖြစ်ပါ တယ်။ ဥနီသုပ်လေးသုပ်ဖို့အတွက်အဓိကပါဝင်ပစ္စည်းတွေကတော့-

မုန်လာဥနီ

ကြက်သွန်ဖြူ/(သခွားသီး၊ ပဲတောင့်ရှည်)

ပဲကျက်မှုန့်/အာလူး/မြေပဲကြော်/သံပုရာသီး၊ငရုပ်သီးတို့လိုအပ်ပါတယ်


ဥနီကို ရေစင်အောင်ဆေးကာ ခြစ်ဖြင့်ခြစ်ထားပါ။အာလူးကို ‌ရေနွေးဆူဆူတွင်နူးအောင်ပြုတ်ထားကာ အခြားသော ပဲသီး ၊ သခွားသီးတို့ရှိပါကရေစင်အောင်ဆေးပြီး သခွားသီးကိုခြစ်ဖြင့်ခြစ်ကာ ပဲသီးကို ဓားဖြင့်ပါးပါးလှီးထားပါ။မြေပဲကြော်ကို ညက်အောင်ထောင်းထားပြီး ငရုပ်သီးကိုလည်းဓားဖြင့် ပါးပါးလှီး ထားပါ။ ကြက်သွန်ဖြူကိုနနွင်းမှုန့်အနည်းငယ်ဖြင့်ဆီသတ်ကာ ဆီဝါလုပ်ထားပါ


ခြစ်ဖြင့်ခြစ်ထားသောဥနီ၊ (သခွားသီး၊ပဲသီး) တို့ကို ပန်ကန်တစ်လုံးတွင်ထည့်ပါ။ဥနီပန်းကန်ထဲသို့ ဆား၊ ပဲငံပြာရည်၊အရသာမှုန့်၊ ပဲကျက်မှုန့်၊ အာလူးပြုတ်၊မြေပဲကြော်ထောင်းအနည်းငယ်၊ငရုပ်သီးလိုအပ်သလောက်၊ သံပုရာရည်အနည်းငယ်၊ ဆီဝါ တို့ကိုထည့်ကာသမအောင်နယ်ပါ။ပါဝင်ပစ္စည်းများသမပါက အရသာအပေါ့ အငံ မြည်းကာ ကျန်သောမြေပဲကြော်ထောင်းဖြူးကာသုံးဆောင်နိုင်ပါပြီ




Some text some message..