ခံတွင်းပျက်နေသူတွေအတွက် မြိန်စေမဲ့ မှိုချဉ်စပ်သုပ်
mmload.com
|
2024-02-08

ထမင်းမစားချင်ဘဲခံတွင်းပျက်နေပြီလား?ဒါမှမဟုတ်သတ်သတ်လွတ်စားနေလို့အာဟာရမျှတအောင် ဘာစားရမလဲမသိဖြစ်နေပါသလား?မှိုချဉ်စပ်လေးသုပ်စားကြည့်ပါ။အရသာရှိပြီးနှုတ်မြိန်စေလို့သုပ်နည်းလေးပြောပြ ပေးမှာပဲဖြစ်ပါတယ်။  လုပ်ရလည်းလွယ်ကူတာမို့ အတူသုပ်ကြည့်ရအောင်နော်

ပါဝင်ပစ္စည်းတွေကတော့

မှို/နှမ်း၊ကြက်သွန်ဖြူ/ကြက်သွန်မြိတ်၊နံနံပင်

ငရုပ်သီးစိမ်း၊ ငရုပ်သီးခွဲခြမ်းမှုန့်တို့လိုအပ်ပါတယ်


မှိုကိုအချောင်များသော်လည်ကောင်း၊ အပြားပါးပါးသော်လည်ကောင်းလှီးကာရေနွေးဆူဆူတွင်ဆားအနည်းငယ်ထည့်ပြီး မိနစ်အနည်းငယ်ပြုတ်ကာရေစစ်ထားပါ။ ကြက်သွန်မြိတ်၊နံနံပင်၊ငရုပ်သီးစိမ်းတို့ကို ရေစင်အောင် ဆေးကာနုတ်နုတ်ညှပ်ထားပါ။ကြက်သွန်ဖြူကိုလည်းရေစင်အောင်ဆေးကာ နုတ်နုတ်စင်းထားပါ


ပန်းကန်တစ်လုံးတွင် နုတ်နုတ်စင်းထားသောကြက်သွန်ဖြူ၊ ကြက်သွန်မြိတ်၊ဆား၊ ငရုပ်သီးခွဲခြမ်းမှုန့်၊ အရသာ မှုန့်၊ ငရုပ်ကောင်းအနည်းငယ်၊ငရုပ်သီးအရောင်မှုန့်၊ခရုဆီ၊ပဲငံပြာရည် တို့ထည့်ကာ ဆီပူပူလောင်း ထည့်ပြီး    သမအောင်မွှေပြီးအရသာစပ်ထားပါ။  ရေစစ်ထားသော မှိုကိုပန်းကန်တစ်လုံးတွင်ထည့်ကာအရသာစပ်ထား သောအနှစ်၊ဆီ၊ နှမ်း တို့ထည့်ကာ သမအောင်နယ်ပါ။ ပါဝင်ပစ္စည်းအားလုံးသမပါကအရသာအပေါ့အငံမြည်း ကာ နံနံပင်ဖြူးပြီး သုံးဆောင်နိုင်ပါပြီ




Some text some message..