
အကင်စားမယ်ဆိုရင်တော့ကြက်သားကင်ကိုလဲမပါမဖြစ်ရွှေးချယ်ကြမယ်ထင်ပါတယ်။ဒါပေမဲ့ဝယ်စားရတာ လည်းဗိုက်မဝဘူးပိုက်ဆံလဲအများကြီးမသုံးချင်ဘူးဆိုတဲ့လူတွေအတွက်ကိုယ်အိမ်မှာကိုယ်အလွယ်တကူ လုပ်စားလို့ရတဲ့ ကြက်သားကင်လုပ်နည်းလေးပြောပြပေးမယ်နော်။လုပ်ရတာမခက်ခဲလို့အတူလုပ်စားကြည့်ကြမယ်
ပါဝင်ပစ္စည်းတွေကတော့-
ကြက်ရင်အုံသား
ကြက်သွန်ဖြူ၊ဂျင်း
နံနံပင်၊ငရုပ်သီးစိမ်း
ထောပတ်ဆီ၊သံပုရာသီးတို့ လိုအပ်ပါတယ်

ကြက်ရင်အုံသားကို အတုံးလိုက်သံပုရာသီး၊ဆားတို့ဖြင့်ရေဆေးပြီးဓားဖြင့်ပါးပါးလှီးထားပါ။ပါးပါးလှီးထား သောကြက်သားကို ဆား၊အရသာမှုန့်၊ငံပြာရည်၊ခရုဆီအနည်းငယ်၊ငရုပ်သီးအရောင်မှုန့်အနည်းငယ်၊ ဂျင်းထောင်း၊ငရုပ်ကောင်း၊သံပုရာရည်၊ထောပတ်ဆီတို့ ထည့်ကာသမအောင်နယ်ပြီးမိနစ်သုံးဆယ်ခန့်နှပ်ထားပါ။ကြက်သားတို့နှပ်ပြီးပါက ဒုတ်တံဖြင့်ထိုးကာမီးအရမ်းမပြင်းဘဲ အထက်အောက်လှန်ကာမီးကင်ပေးပါ

ပန်းကန်တစ်လုံတွင်ထောပတ်ဆီအနည်းငယ်၊ကြက်သွန်ဖြူထောင်းအနည်းငယ်၊ငရုပ်စိမ်းထောင်းအနည်းငယ်ထည့်ကာသမအောင်မွှေပေးပါ။ကင်ထားသောကြက်သားပေါ်သို့ ဖျော်ထားသောထောပတ်ဆီသုပ်ကာကြက်သားတို့ရဲလာသည်အထိကင်ပေးပါ။ကြက်သားတို့ရဲလာပါကပန်းကန်ပြားတွင်ထည့်ကာထောပတ်ဆီသုပ်၊နံနံပင်ဖြူးပြီးပါက မိမိနှစ်သက်ရာဆော့စ်တစ်မျိုးမျိုးဖြင့်တွဲဖက်ကာသုံးဆောင်နိုင်ပါပြီး