
ဘတ်ဂျက်လဲချွေတာချင်တယ် ထမင်းစားမမြိန်မှာလဲဆိုးနေတယ်မဟုတ်လား? စိတ်မပူပါနဲ့ကုန်ကျစရိတ်နဲနဲနဲ့ အရသာရှိစေမဲ့ဟင်းတစ်ခွက်ရှိပါတယ်။ အဲ့ဒါကတော့ကြက်ဥကြော်ချဉ်စပ်ချက်လေးပဲဖြစ်ပါတယ်။ ပါဝင်ပစ္စည်းလဲမများပဲ အာဟာရပြည့်ပြီး ခံတွင်းမြိန်စေမဲ့ဟင်းတစ်ခွက်ဖြစ်လို့ အတူချက်စားကြရအောင် ချက်နည်းလေးပြောပြပေးမယ်နော်
ပါဝင်ပစ္စည်းတွေကတော့-
ကြက်ဥ
ကြက်သွန်ဖြူ၊နီ
ခရမ်းချဉ်သီ
မန်ကျည်းမှည့်
ငရုတ်သီး၊ နံနံပင် တို့ပဲဖြစ်ပါတယ်

ကြက်ဥကို ဆီပူပူတွင် ဆားအနည်းငယ်၊ အရသာမှုန့် အနည်းငယ်ဖြူးကာမကျက်တကျက်ကြော်ထားပြီး ကြက်သွန်ဖြူနီများများကိုအခွံနွှာကာညက်အောင်ထောင်းထားပါ။ခရမ်းချဉ်သီးကိုလည်း ရေစင်အောင် ဆေးကာ အနေတော်အတုံးငယ်များတုံးထားပြီးမန်ကျည်းမှည့်ကို ရေစိမ်ကာအနှစ်ပြုလုပ်ထားပါ..နံနံပင်နဲ့ ငရုပ်သီးကိုလည်းရေစင်အောင်ဆေးကာ ကတ်ကြေးဖြင့်နုတ်နုတ်ညှပ်ထားပါ

ဆီအနေတော်တွင် ထောင်းထားသောကြက်သွန်ဖြူ၊နီ၊နနွင်းမှုန့်၊ငရုပ်သီးခွဲခြမ်းမှုန့်တို့ကို ထည့်ပြီးဆီသက်ပါ၊ကြက်သွန်နံ့တို့ မွှေးလာပါက ခရမ်းချဉ်သီးထည့်ကာ အနှစ်ကျသည်အထိချက်ပြီးကြော်ထားသော ကြက်ဥ နှင့် ဆား၊ အရသာမှုန့်၊ ပဲငံပြာရည်၊ ခရုဆီတို့ထည့်ကာအချိန်ခဏချက်ပါ။ အချိန်ဏချက်ပြီးပါက မန်ကျည်းမှည့်ရည်၊ ငရုပ်သီးစိမ်း၊မဆလာအနည်းငယ်တို့ထည့်ပြီး ရေခမ်းကာဆီပြန်လာသည်အထိချက်ပါ။ ဆီပြန်လာပါက အရသာ အပေါ့အငံမြည်းကာနံနံပင်အုပ်ပြီးမိနစ်အနည်ငယ်ခန့်နှပ်ထားပြီးပါက အရသာရှိသော ကြက်ဥကြော်ချက်ချဉ်စပ်လေးရပြီပဲဖြစ်ပါတယ်