အရသာရှိပြီးအာဟာရပြည့်ဝတဲ့ ပြည်လုံးချမ်းသာဟင်းတစ်ခွက်
mmload.com
|
2024-03-04

ပြည်လုံးချမ်းသာဟင်းကတော့ အသားစုံ အသီးစုံနဲ့ ချက်ရလို့ အရသာရှိသလို အာဟာရလဲ ပြည့်ဝပါတယ်... အဲ့ဒီ အရသာရှိတဲ့ ဟင်းပွဲတစ်ပွဲဟာ အပြင်မှာဈေးကြီးတဲ့ အတွက် စားချင်ပေမယ့် မကြာခဏ မစာဖြစ်ဘူး မဟုတ်လား? ဒီတစ်ခါတော့ ကုန်ကျစရိတ်အရမ်းမများပဲ အိမ်မှာပဲ အဝချက်စားနိုင်အောင်း ပြည်လုံးချမ်းသာ ဟင်းချက်နည်းလေးကို ပြောပြမယ်နော်


ဥနီ၊ရွှေပဲသီး၊ broccoli၊ကြာစွယ် တို့ကို ရေစင်အောင်ဆေးကာ အနေတော်လှီးဖြတ်ထား ပြီး ကြက်သွန်ဖြူ၊နီ၊ဂျင်းများများကိုလည်းအခွံနွာကာ ရေစင်အောင်ဆေးပြီး ညက်အောင်ထောင်းထားပါ။ ပြည်ကြီး ငါး နဲ့ ကြက်သား၊အမြစ်အသဲတို့ကိုကို လည်းရေစင်အောင်ဆေးကာ အနေတော်လှီးဖြတ်ထားပြီး ပုဇွန်ကိုလည်း အခွံခွာပြီး ကျောခွဲကာ အညစ်အကြေးများစင်အောင်ဆေးကြောထားပါ။ ငုံးဥကို ပြုတ်ပြီး အခွံသင်ကာ၊ ငါးဖယ်လုံးကို အနေတော်လှီးထားပါ


ထောင်းထားသော ကြက်သွန်ဖြူ၊နီ၊ဂျင်းတို့ကိ ဆီသတ်ကာကြက်သွန်နံ့သင်းလာပါက တရုတ်ပဲငါးပိ၊ ခရုဆီ၊ရှာလကာရည် တို့နဲ့ ကြက်သားနဲ့ ကြက်အမြစ်အသဲကို အရင်ထည့်ကာအထက်အောက် အနည်းငယ် ကျက်သည် အထိ မွှေပေး ပြီး ကျန် ၊ ပြည်ကြီးငါး၊ပုဇွန်၊တရုတ်မဆလာ တို့ကိုထည့်ကာရေလိုအပ်သလို ထည့်ပြီးအသာတို့ နူးသည်အထိချက်ပါ။ အသားတို့နူးပါက ဆား၊ အရသာမှုန့်၊ပဲငံပြာရည်၊ ငရုပ်သီးစိမ်း တို့ထည့်ကာ ငုံးဥ ၊ငါးဖယ်လုံး နဲ့ ဥနီ၊ရွှေပဲသီး၊ broccoli၊ ကြာစွယ်တို့ကိုထည့်ပြီးရေခမ်းကာ ဆီပြန်လာအောင် ချက်ပါ။ ရေခမ်းပြီးဆီပြန်လာပါက အရသာ အပေါ့အငံမြည်းကာ မိမိနှစ်သက်သလိုသုံးဆောင်နိုင်ပါပြီ




Some text some message..