ကြက်ဥကို ကြော်၊ချက်၊သုပ်၊ပြုတ် စားရတာရိုးနေပြီလား
mmload.com
|
2024-04-01

တန်ဖိုးနည်းနည်း နဲ့ ထမင်းမြိန်စေမဲ့အပြင် လုပ်ရလွယ်ကူတဲ့ ကြက်ဥပေါင်း‌လေး လုပ်စားကြည့်ကြရအောင်နော်။ ကြက်ဥကို ကျွန်မတို့တွေဟာ ကြော် ၊ ချက် ၊ ပြုတ် ၊ သုပ် စသဖြင့် အမျိုးမျိုး လုပ်စားကြပေမဲ့ ပေါင်းပြီးစားဖို့တော့ မတွေးမိတတ်ကြပါဘူး။ ကြက်ဥပေါင်း ဟင်းလေးတစ်ခွက်ဖြစ်ဖို့ လိုအပ်တဲ့ ပါဝင်ပစ္စည်းလေးတွေကတော့

၁။ ကြက်ဥ

၂။ ရေ

၃။ ကြက်သွန်မြိတ် ( မထည့်လည်းရ )

၄။ အချိုမှုန့် ၊ စား

၅။ ဆီအနည်းငယ်

၆။ ထမင်းပေါင်းအိုး တို့ပဲ လိုအပ်ပါတယ်။


အရင်ဆုံး ကြက်ဥ ၂လုံးကို ပန်းကန်လုံးထဲ ဖောက်ထည့်ပါမယ်။ ရေ‌ ပန်းကန်လုံးတစ်ဝက် လောင်းထည့်ပါမယ်။ ကြက်ဥ နဲ့ ရေ ကို အတူတူရောမွှေပါမယ်။ အချိုမှုန့် နဲ့ဆား အနည်းငယ် လိုအပ်သလို ‌ထည့်မွှေပါမယ်။ ကြက်သွန်မြိတ်လေး ညှပ်ပြီး အပေါ်မှာ ဖြူးလိုက်ပါမယ်။


ပြီးရင်တော့ ကျက်ခါနီးထမင်းပေါင်းအိုးထဲထည့်ဖို့ ပန်းကန်ရဲ့အောက်ကို သန့်ရှင်းအောင် သုတ်ကာ ထည့်၍ ၅ မိနစ်လောက်နေပြီးနောက် အဖုံးဖွင့်လိုက်တဲ့အခါ အရမ်းကို စားလို့ကောင်းတဲ့ ကြက်ဥပေါင်းဟင်းလေး ကို ရရှိသွားပြီပဲ ဖြစ်ပါတယ်။ ဗိုက်ဆာနေတဲ့အခါမှာ ဖြစ်ဖြစ်၊ ဟင်းချက်ဖို့ အချိန်မပေးနိုင်တဲ့ အခါမှာပဲ ဖြစ်ဖြစ် ဒီကြက်ဥပေါင်းဟင်းလေးကို လုပ်စားကြည့်ပါနော်။




Some text some message..