နွေရာသီနဲ့ အလိုက်ဖက်ဆုံး ဖရဲသီးဖျော်ရည်
mmload.com
|
2024-04-02

အခုလို ပူပြင်းတဲ့ နွေရာသီမှာ ကျန်းမာရေးအတွက်ကောင်း ၊ ရေဓာတ်လည်းဖြည့်ပေးတဲ့အပြင် သောက်လိုက်တာနဲ့ ရင်ထဲကို အေးမြသွားစေမဲ့ ဖရဲသီးဖျော်ရည်လေးကို သောက်ကို‌သောက်သင့်ပါတယ်နော်။

ဖရဲသီးဖျော်ရည်လေးအတွက် လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကတော့

၁။ ဖရဲသီး

၂။ သကြားရည်

၃။ ရေ

၄။ ရေခဲအနည်းငယ် တို့ပဲဖြစ်ပါတယ်။


အရင်ဆုံး ဖျော်ဖို့အတွက် ဖရဲသီးလေးတွေကို အနေတော်အရွယ် အစားလေးတွေ လှီးထားပါမယ်။ ပြီးရင် အသင့်ဖျော်ထားတဲ့ သကြားရည် ထမင်းစားဇွန်း ၂ဇွန်း နဲ့အတူ စိတ်ထားတဲ့ ဖရဲသီးလေးတွေကို ဖျော်စက်ထဲကို ထည့်ပါမယ်။ ရေတစ်ခွက် ထည့်ပါမယ်။ ပြီးတာနဲ့ စက်နဲ့ ရောကြိတ်လိုက်တဲ့အခါ အရမ်းကို သောက်လို့ကောင်းတဲ့ သဘာဝဖရဲသီးဖျော်ရည်လေး ရလာပါပြီရှင်။


ပိုပြီး အေးမြလန်းဆန်းသွားအောင် ရေခဲလေး အနည်းငယ်ပါထည့်လိုက်မယ်ဆိုရင် ပူပြင်းတဲ့နွေရာသီကို ‌အံတုနိုင်မဲ့ ဖရဲသီးဖျော်ရည်အေးအေးလေးကို ရရှိသွားပြီပဲ ဖြစ်ပါတယ်။




Some text some message..