ကလေး လူကြီးကြိုက်တဲ့ တရုတ်စတိုင် ဝက်သားပေါင်း
mmload.com
|
2024-04-22

တရုတ်စတိုင် ဝက်သားပေါင်းဟာ မိသားစုနဲ့ ညစာစားတဲ့အခါ ထမင်းမြိန်စေပြီး ကလေးရော လူကြီးရော ကြိုက်တဲ့ ဟင်းလျာ အချိုလေးမို့ တစ်ခါလောက် လုပ်စားကြည့်ရအောင် 

ဝက်သားပေါင်းရဖို့ လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကတော့ 
၁။ ready ပါးပါးလှီးထားတဲ့ ဝက်သုံးထပ်သား ၂။ ဟင်းခတ်မှုန့် ၊ ပဲငံပြာရည် ၊ ကြာညိုအရည် ၃။ ငရုတ်ကောင်း ၊ သကြား ၄။ ကြက်သွန်ဖြူ ၊ ကြက်သွန်နီ ၊ ဂျင်း ၅။ ဆီ တို့ပဲ ဖြစ်ပါတယ်။ 


အရင်ဆုံး ပါးပါးလှီးထားတဲ့ ဝက်သုံးထပ်သားကို ရေစင်အောင် ဆေးပြီး အသင့်ပြင်ထားပါမယ်။ ကြက်သွန်ဖြူ ၊ ကြက်သွန်နီ တို့ကို လေးစိတ်စိတ်ထားပါမယ်။ ဂျင်း အနည်းငယ်ကို တပြားရိုက်ထားပါမယ်။ ဒယ်အိုးကို မီးဖွင့်ပြီး ဆီ အနည်းငယ် ထည့်ပါမယ်။ ဆီပူလာရင် အသင့်ရှိတဲ့ ကြက်သွန်ဖြူ ၊ ကြက်သွန်နီ နဲ့ ဂျင်းကို ထည့်လိုက်ပါမယ်။ အနည်းငယ်မွှေပြီးရင် အသင့်ပြင်ထားတဲ့ ဝက်သုံးထပ်သားလေးတွေကို အစီလိုက် ထည့်ပါမယ်။ ရေကို ဝက်သား‌မြုပ်တဲ့အထိ ထည့်လိုက်ပါမယ်။ ပဲငံပြာရည် ၊ ကြာညိုအရည် အချိုးကျ အနည်းငယ်စီ ထည့်ပါမယ်။ 


ချိုပြီး ပိုစားလို့ကောင်းအောင် သကြားလေး ထည့်ပါမယ်။ ဟင်းခတ်မှုန့် အနည်းငယ် ထည့်ပါမယ်။ ပြီးရင်တော့ ‌မွှေပေးပါမယ်။ မွှေပြီးရင် ဒယ်အိုးကို အဖုံးအုပ်ပြီး ဆူပွတ်စေပါမယ်။ ၁၅ မိနစ်လောက်ကြာတဲ့အခါ ရေခမ်းသွားပါလိမ့်မယ်။ ဝက်သားလေး နူးအိပြီး အရသာ ပိုဝင်ဖို့ နောက်ထပ် ဝက်သားမြုပ်အောင် ရေ ထပ်ထည့်ပြီး အဖုံးအုပ် ဆူပွတ်စေပါမယ်။ ‌ထပ်မံပြီး ရေခမ်းသွားပြီဆိုရင်တော့ စားလို့အလွန်ကောင်း ၊ မွှေးကြိုင်နေတဲ့ ဝက်သားပေါင်း နူးနူးအိအိလေး ရရှိသွားပြီပဲ ဖြစ်ပါတယ်။ အာဟာရဓာတ် ကြွယ်ဝစွာ ပါဝင်တဲ့အပြင် နူးအိပြီး အနံ့အရသာ ပြည့်ဝတဲ့ တရုတ်စတိုင် ဝက်သားပေါင်းလေးကို တစ်ခါလောက်တော့ လုပ်စားကြည့်ကြပါနော်။




Some text some message..