ထမင်းမြိန်စေမယ့် မြန်မာတို့အကြိုက် ငါးပိရည်
mmload.com
|
2024-05-22

ထမင်းမြိန်စေမယ့် မြန်မာတို့အကြိုက် ငါးပိရည် လုပ်နည်းလေးကို ပြောပြပေးမှာပဲ ဖြစ်ပါတယ်။ အချိုဟင်းတွေချည်း စားရတာ ငြီးငွေ့နေတဲ့ သူတွေအတွက် အာပူရှာပူငါးပိရည်လေး လုပ်စားကြည့်ပါနော်။ 
ငါးပိရည်လုပ်ဖို့ လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကတော့၁။ ငါးပိစိမ်းစား၂။ ကြက်သွန်ဖြူ ၃။ ကုလားအော်သီး ၄။ ငြုပ်သီးမှုန့် ၊ ငရုတ်သီးစိမ်း ၅။ ဟင်းခတ်မှုန့် တို့ပဲ ဖြစ်ပါတယ်။ 


ပထဆုံး ငါးပိစိမ်းစားကို ရေနွေးဖျော်ဖို့ ဒယ်အိုးကို ရေဆူပွတ်စေပါမယ်။ ရေနွေးဆူလာပြီဆိုရင် ငါးပိစိမ်းစားကို ထည့်ပြုတ်လိုက်ပါမယ်။ ကြက်သွန်ဖြူ တစ်ပြားရိုက်ပြီး ထည့်လိုက်ပါမယ်။ ၁၅ မိနစ်လောက် ပြုတ်ပြီးနောက် ငါးအနှစ်အနယ်တွေ အောက်ကျပြီးတဲ့အခါ အပေါ်ယံအ‌ရည်ကြည်တွေကို ခပ်ထုတ်လိုက်ပါမယ်။ အောက်က ငါးအနှစ်တွေကတော့ မလိုအပ်တာမို့ လွှတ်ပစ်ရမှာပဲ ဖြစ်ပါတယ်။ 


အရည်ကြည်ကို ပန်းကန်လုံးတစ်လုံးထဲ ထည့်ထားပါမယ်။ ကြက်သွန်ဖြူ နဲ့ ငရုတ်သီးအပြင် ပုစွန်ခြောက်လေးကို ငရုတ်ဆုံထဲအနည်းငယ် ထည့်ထောင်းပါမယ်။ ကြေညက်သွားပြီဆိုရင်တော့ ငါးပိရည် ပန်းကန်လုံးထဲကို ထည့်မွှေလိုက်ပါမယ်။ ဟင်းခတ်မှုန့်လေး အနည်းငယ် ထည့်ပါမယ်။ အရောင်အဆင်း ပိုလှသွားအောင် ငြုပ်သီးမှုန့်လေးလည်း လိုသလောက် ထည့်လိုက်ပါမယ်။ ဒါဆိုရင်တော့ အရမ်းကိုမှ စားလို့ကောင်းတဲ့ ငါးပိရည်ကြိုလေးကို ရသွားပြီပဲ ဖြစ်ပါတယ်။ ပုစွန်ပါ ထည့်ချင်တယ်ဆိုတဲ့ မမတို့အတွက် ပုစွန်ကို ငါးပိနဲ့ ရောမချက်ပဲ အားလုံးပြီးမှ ကျက်ပြီးသား ပုစွန်လေးကို ထည့်လိုက်ပါနော်။ အရမ်းကို မြန်မာထမင်းဟင်း နဲ့ လိုက်ဖက်တာမို့ တစ်ခါလောက် စားကြည့်ပါနော်။ 





Some text some message..