အသုပ်ဆိုင်တွေက သောက်လို့ကောင်းတဲ့ ဘူးသီးဟင်းခါးချက်နည်းလေး
mmload.com
|
2024-06-10

အသုပ်ဆိုင်တွေမှာ မနက်တိုင်း သောက်ချင်လွန်းလို့ သွားသွားဝယ်ရတဲ့ ဘူးသီးဟင်းခါးလေးကို အိမ်မှာပဲ အလွယ်တကူ ချက်စားကြည့်ရအောင်။ 
ဘူးသီးဟင်းခါးလေးလုပ်ဖို့ လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကတော့ 
၁။ ဘူးသီး ၂။ ကြက်သွန်ဖြူ ၃။ ဟင်းခတ်မှုန့် ၊ ဆား၄။ ငရုတ်ကောင်း တို့ပဲ ဖြစ်ပါတယ်။


အရင်ဆုံး ဒယ်အိုးအပြည့် ရေထည့်ပြီး ရေဆူစေပါမယ်။ ရေနွေးတည်နေစဉ် ဘူးသီးကို အခွံခွှာပြီး ကိုယ်စားမဲ့ အနေတော် အတုံးသေးလေးတွေ တုံးပေးထားပါမယ်။ ကြက်သွန်ဖြူ တပြားရိုက်ပြီး အဆင်သင့် ပြင်ထားပါမယ်။ ရေနွေးဆူလာပြီဆိုရင်တော့ အသင့် လှီးပြီးသား ဘူးသီးတွေကို ထည့်ချက်ပါမယ်။ ကြက်သွန်ဖြူ‌လေးတွေကို ဒယ်အိုးထဲ ထည့်လိုက်ပါမယ်။ ဟင်းခတ်မှုန့် နဲ့ ဆား အချိုးကျ ထည့်ပေးလိုက်ပါမယ်။ ဘူးသီးတွေ နူးသွားအောင် အဖုံးပိတ်ပြီး ၃၀ မိနစ်ဝန်းကျင်လောက် တည်ထားပါမယ်။ 


ငရုတ်ကောင်းမှုန့် ခပ်များများလေး ထည့်ပေးပါမယ်။ ပိုပြီး မွှေးကာ စားလို့ကောင်းစေလို့ပဲ ဖြစ်ပါတယ်။ ဒါဆိုရင်တော့ အဖုံးဖွင့်လိုက်တာနဲ့ အနံ့နဲ့တင် သွားရည်ကျစေမယ့် ဘူးသီးဟင်းခါး ပူပူလေးကို ရရှသွားပြီပဲ ဖြစ်ပါတယ်။ နေ့စဉ်စား‌သုံးတဲ့ အစားအစာထဲမှာ အရည်တစ်မျိုးပါမှ ကျန်းမာရေးနဲ့ ညီညွှတ်တာမို့ လွယ်ကူရိုးရှင်းနဲ့ ဘူးသီးဟင်းခါးလေးကို တစ်ခါလောက် စမ်းလုပ်စားကြည့်ပါနော်။ 





Some text some message..