ရှမ်းစတိုင် ငါးထမင်းနယ်လေး
mmload.com
|
2024-06-12

ရှမ်းပြည်မှာ တွင်ကျယ်စွာ တွေ့ရပေမယ့် ကျန်တဲ့ ဒေသတွေမှာ အတွေ့နည်းတဲ့ ရှမ်းစတိုင် ငါးထမင်းနယ်လေးကတော့ စိမ့်စိမ့်ကလေးမို့ ကလေးလူကြီး အကြိုက်တွေ့ စေမှာပဲ ဖြစ်ပါတယ်။ လွယ်ကူရိုးရှင်းပြီး အာဟာရဓာတ် ပြည့်ဝစွာ ပါလို့ တစ်ခါလောက်တော့ လုပ်စားကြည့်ပါနော်။ 
ငါးထမင်းနယ်လေးရဖို့ လိုအပ်တဲ့ ပါဝင်ပစ္စည်းကတော့
၁။ ငါးမွှေ ၂။ ကြက်သွန်နီကြော် ၃။ ဆား ၊ ဟင်းခတ်မှုန့် ၄။ အာလူး တို့ပဲ ဖြစ်ပါတယ်။ 


ပထမဆုံး အာလူးကို ရေနွေးနဲ့အတူ နူးပြီးကျက်တဲ့အထိ ပြုတ်ပေးထားပါမယ်။ ငါးမွှေဟာ နနွင်းနဲ့ ချက်ထားတဲ့ အဝါရောင်လေးဆို ပိုကောင်းပြီး ငါးထမင်းနယ် ပြုလုပ်ဖို့အတွက် ငါးမွှေချက်လေးတော့ အဆင်သင့် ရှိနေရပါမယ်နော်။ ကြက်သွန်နီကို ပါးပါးလှီးပြီး ရေစင်အောင် ဆေးပါမယ်။ ပြီးရင်တော့ ငါးထမင်းနယ်လေးမှာ မွှေးဖို့အတွက် ဆီသတ်ထားပါမယ်။ အာလူး‌ပြုတ်ထားတာတွေ ရပြီဆိုရင်တော့ အခွံခွှာပြီး ရေခဏစစ်ထားပါမယ်။ ဇလုံတစ်လုံးကို ယူပြီး ကိုယ်လိုချင်တဲ့ ပမာဏ ထမင်း ထည့်ထားပါမယ်။ 


ပြီးရင်တော့ အသင့်ရှိနေတဲ့ ငါးမွှေ နဲ့ ကြက်သွန်နီ ‌ဆီချက်သတ်ကလေးကို အတူတူ ရောနယ်ဖို့အတွက် ထည့်ထားပါမယ်။ ပြုတ်ထားတဲ့ အာလူး တစ်လုံး သို့်မဟုတ် နှစ်လုံးကို ဇလုံထဲ ထည့်လိုက်ပါမယ်။ ဆား နဲ့ ဟင်းခတ်မှုန့် အချိုးကျကျ ထည့်ပေးလိုက်ပါမယ်။ ဒါဆိုရင်တော့ ငါးထမင်းနယ်လေးရဖို့ ထမင်းနဲ့ အစာပလာတွေကို ရောသမွှေ နယ်လိုက်ပါမယ်။ အရသာနှံ့အောင် နယ်ပြီးပြီဆိုရင်တော့ အရမ်းကို စားလို့ကောင်းတဲ့ ငါးထမင်းနယ်လေးကို ရရှိသွားပြီပဲ ဖြစ်ပါတယ်။ ကလေး ၊ လူကြီးမရွေး ကြိုက်တဲ့ ဒေသအစားအစာလေးမို့ တစ်ခါလောက်တော့ လုပ်စားကြည့်ပါနော်။ 





Some text some message..