BLACKPINKအဖွဲ့ရဲ့ DIET PLANS
moda.com.mm
|
2018-12-06



ဒီလို ပိန်ပိန်သွယ်သွယ် ခန္ဓာကိုယ်တွေရဖို့ ဘယ်လိုထိန်းသိမ်းကြလဲဆိုတာ သိချင်နေတဲ့ သူတွေလည်းရှိနေမှာပါပဲ။

ရှိနေရင် သိရအောင်၊ ပိန်ချင်တဲ့ ကောင်မလေးတွေရှိရင်လည်း လိုက်လုပ်လို့ရအောင် ပြောပြပေးမယ်နော်။

Jennie




Jennie ကတော့အစားအသောက်နဲ့ Diet လုပ်တာထက် လေ့ကျင့်ခန်းနဲ့ Work out လုပ်တာများပါတယ်။

Work Out လုပ်ရင်လည်း ဟိုယောင်ယောင် ဒီယောင်ယောင်မလုပ်ပဲ Work Out နည်းလမ်းတစ်မျိုးထဲကိုသာ သေချာလုပ်ပါတယ်။

သူမအနေ Yoga ကိုသေချာလိုက်စားပါတယ်။

ဒီလိုမျိုးလေ့ကျင့်ခန်းတွေလုပ်ပြီးရင်တော့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအစာတွေကို စားပေးပါတယ်။

သူမက ထောသီးကိုကြိုက်တဲ့အတွက် Avocado salad ကိုစားသုံးပါတယ်။

ပြီးတော့ Detox Juice ကိုလည်းနေ့တိုင်းသောက်သုံးပါတယ်။

Lisa




Lisa ကတော့ Jennie နဲ့ နည်းလမ်းလုံးဝမတူပါဘူး။

သူမကတော့ Work Out လုပ်ကတာကိုအရမ်းပျင်းတဲ့သူတစ်ယောက်ပါ။

သူများတွေ Work Out လုပ်လို့ လိုက်လုပ်ကြည့်ပေမယ့် နောက်ဆုံးမှာတော့အဖျားရှုးရှုးသွားပါတယ်။

ဒါပေမယ့် သူမလည်း Jennie လိုမျိုး Detox Juice ကိုတော့ နေ့တိုင်းသောက်ပါတယ်။

Rose




Rose ကတော့ Pilates ကိုစတင် Work Out လုပ်နေပါပြီ။

အစားအစာအပိုင်းမှာ ဆိုရင်တော့အသီးအရွက်ကို များများစားပေးပါတယ်။

သူမကိုယ်တိုင်ကိုကအသီးအရွက်စားရတာ ကြိုက်လို့ပါ။

ပြီးတော့ မုန်လာဥနီကို လည်းကြိုက်နှစ်သက်ပါတယ်။

သရေစာအနေနဲ့အသီးအနှံကို စားသုံးပါတယ်။

Jisoo




Jisoo ကတော့ Weight တက်လွယ်တဲ့ ခန္ဓာကိုယ်ထဲမှာ ပါဝင်တယ်လို့ သူမကိုယ်တိုင်ပြောပြခဲ့ပါတယ်။

သူမက Gym တွေဘာတွေလည်းမသွားပါဘူး။

အားတဲ့အချိန်မှာဆိုအကပဲကပါတယ်။

အဲ့လို ကတာက သူမတို့ဖျော်ဖြေပွဲတွေအတွက်အကျိုးရှိပါတယ်။

Editor; Hnin Ei Ei Hlaing




Some text some message..